ရုပ်ရှင်ကြည့်ပြီး အပန်းဖြေချင်သူတွေ အကြိုက်တွေ့စေမယ့် ကိုရီးယားရုပ်ရှင်ကား(၆)ကား

Imdb/TheBeautyInside

ရုပ်ရှင်ကောင်းကောင်းကြည့်ရင်း အိမ်နေရင်းအ၀တ်အစားလေးနဲ့ မုန့်တွေစားရတဲ့ ခံစားချက်လောက်ကောင်းတဲ့ ခံစားချက်ရှိမယ် မထင်ဘူး။ တစ်နေ့တာ ပင်ပန်းသမျှကို ရုပ်ရှင်ကောင်းကောင်းလေးနဲ့ အပန်းဖြေရတာကတော့ အကောင်းဆုံး အပန်းဖြေနည်းထဲက တစ်ခုပါပဲ။ ဒီတစ်ခါမှာတော့ ကိုးရီးယားကားချစ်သူလေးတွေအတွက် အပန်းဖြေလို့ကောင်းတဲ့ ရုပ်ရှင်ကားကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော် ….

  1. The Beauty Inside

(၂၀၁၅)ခုနှစ် ကထွက်ရှိထားတဲ့ The Beauty Inside ဆိုတဲ့ K Drama ကတော့ သာမန်အချစ်ဇာတ်လမ်းတွေထဲက ကွဲထွက်နေတဲ့ ရုပ်ရှင် ကောင်း တစ်ခုဖြစ်ပါတယ်။ W Two World ရဲ့ မင်းသမီးချောလေး Han Hyo Joo ပါဝင်ထားပြီး မင်းသားလုပ်သူရဲ့ ထူးဆန်းတဲ့ ရောဂါကြောင့် မင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းကပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်ဆိုလဲ မမှားပါဘူး။ နိုးလာတိုင်း ကလေးသေးသေးလေးကနေ အဖိုးကြီး ၊ ယောင်္ကျားကနေ မိန်းမ ပုံစံပြောင်းသွားတက်တဲ့ ချစ်သူနဲ့ ဘယ်လိုပုံစံပဲ ဖြစ်ဖြစ် ချစ်တယ် ဆိုတဲ့ မင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းကတော့ တကယ့်ကို ကြည်နူးဖို့ကောင်းသလို တစ်ချိန်ထဲမှာပဲ ကြေကွဲစရာဇာတ်လမ်းလေးလဲ ဖြစ်နေပါတယ်။

  1. On Your Wedding Day

Strong Woman Bong-Soon နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီးလေး Park Bo Young ရဲ့ On Your Wedding Day ဆိုတဲ့ ဇာတ်ကားလေးကတော့ Series ကို အချိန်ပေးမကြည့်နိုင်တွေအတွက် အချိန် ၂ နာရီလောက်နဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ မင်းသားဖြစ်သူ Woo Yeon က အနာဂတ်အတွက် ဘာမှမစဉ်းစားတဲ့ ပျော်ပျော်နေတက်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ Woo Yeon ရဲ့ အတွေးတွေကို ပြောင်းလဲသွားနိုင်အောင် လုပ်နိုင်တဲ့ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်မိသွားတဲ့ အခါမှာ ဖြစ်လာတာတွေက အရမ်းကို လက်တွေ့ဆန်လွန်းပါတယ်။ အပြင်လောကနဲ့အရမ်းနီးစပ်တဲ့ အချစ်ကားတစ်ခုဖြစ်ပြီး အရမ်းလဲအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တစ်ခုလဲဖြစ်ပါတယ်။

  1. Train To Busan
READ
Maldives ကမ်းခြေကိုသွားခဲ့တဲ့ အမှတ်တရ ဓါတ်ပုံတွေ တင်လိုက်တဲ့ မထက်

ထွေထွေထူးထူးမိတ်ဆက်စရာ မလိုလောက်အောင် အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကောင်း တစ်ခုဆိုလဲ မမှားပါဘူး။ တကယ်လဲ ကမ္ဘာအနှံ့မှာ လူကြိုက်များခဲ့ပြီး ဒီနှစ်ထဲမှာပဲ ဒုတိယမြောက် ရုပ်ရှင်ထွက်ထားတာ ဖြစ်ပါတယ်။ ဖခင်နဲ့သမီးကြားက ဆက်ဆံရေး ၊ အသက်ရှင်ရဖို့အတွက် ဘာမဆို လုပ်မယ်ဆိုတဲ့ လူတွေရဲ့ စိတ်ဓာတ် ၊ အချစ်အတွက် အနစ်နာခံခြင်း စတဲ့ ရသမျိုးစုံကို ပြသသွားတဲ့ ဒီရုပ်ရှင်ကတော့ ဘယ်အချိန်ကြည်ကြည့် ကြေကွဲဖို့ကောင်းတာ အမှန်ပါပဲ။

  1. Be With You 

လတ်တလော လူကြိုက်များပြီး အောင်မြင်ခဲ့တဲ့ Crash Landing On You ထဲက မင်းသမီး Soe Ye Jin ရဲ့ ဒီရုပ်ရှင်ကလဲ အချိန် ၂ နာရီလောက်ပေးရုံနဲ့ ကြည့်ရတာနဲ့ တန်တဲ့ခံစားချက်ပေးမယ့် ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ ငယ်ချစ်ဦးနဲ့ လက်ထပ်ပြီး ကလေးလေးတစ်ယောက်နဲ့ ပြီးပြည့်စုံတဲ့ မိသားစုဘ၀လေးရပြီးမှ ဇနီးကရုတ်တရပ် ဆုံးပါးသွားတဲ့ အခါ။ မထင်မှတ်ထားတဲ့ အချိန်နဲ့နေရာမှာ သေဆုံးသွားတဲ့ ဇနီးကို တွေ့လိုက်ရချိန်မှာ ဘာတွေဖြစ်သွားမလဲဆိုတာက ဒီရုပ်ရှင်ရဲ့ အသက်ပဲဖြစ်ပါတယ်။ အချစ်တွေ ကြည်နူးခြင်းတွေနဲ့ အလွမ်းတွေကိုပါ ဖော်ပြထားတဲ့ ရုပ်ရှင်ကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

  1. Midnight Runners
READ
နာမည်ကြီးဘောလုံးသမား ၁၃ ယောက်အထိ အသုံးပြုသွားခဲ့တဲ့ Adidas ရဲ့ ကြော်ငြာအသစ်

ကတုံးသူဌေးဆိုပြီး နာမည်ကြီးသွားသေးတဲ့ Park Seo Joon ရဲ့ ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။ ရဲဖြစ်ဖို့ တူတူကြိုးစားနေတဲ့ ကောင်လေး နှစ်ယောက်က အစမှာတော့ လုံးဝမတည့်ပဲ နောက်ဆုံးတော့ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားပြီး အခင်ဆုံးသူငယ်ချင်းတွေရဲ့ အချစ်နဲ့သံယောဇဉ်ကို ဖော်ပြသွားနိုင်တဲ့ ရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ အမှုတစ်ခုကို ၂ ယောက်တူတူ ကြုံတွေ့ခဲ့ပြီး ၂ ယောက်ထဲ ဖြေရှင်းခဲ့ပုံတွေနဲ့ စွဲဆောင်မှုအပြည့်ပေးမှာ အသေအချာပါပဲ။

  1. The Man From Nowhere

ဆောင်းဦးရွက်ကြွေချစ်သက်သေ ရုပ်ရှင်နဲ့ ထယ်ဆောက် ဆိုပြီး အောင်မြင်ခဲ့တဲ့ မင်းသားရဲ့ အချစ်ကားမဟုတ်တဲ့ ဖခင်မေတ္တာပြသထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ဇနီးကို ဆုံးရူံးလိုက်ရတဲ့ Woo Bin က သူ့ဘ၀ကို တန်ဖိုးမထားတော့တဲ့ သူတစ်ယောက်ပါ။ အဲ့ဒီအရာတွေကို ပြောင်းလဲနိုင်တဲ့ ကလေးမလေးတစ်ယောက်နဲ့ ဆုံတဲ့အခါမှာ Woo Bin ရဲ့ စိတ်တွေက ပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်။ ကလေးမလေး ပြန်ပေးဆွဲခံလိုက်ရတဲ့ အချိန်မှာ Woo Bin ရဲ့ သွေးမတော်သော်လည်း သမီးလေးတစ်ယောက်လို မေတ္တာနဲ့ကယ်တင်ခဲ့တာတွေက လုံးဝ ခံစားမှုအပြည့်အ၀ပေးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ 

TPS

SHARE