သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ဇီဝပတ်စတစ်အိတ်ကို တီထွင်ခဲ့တဲ့ သိပ္ပံပညာရှင်

Korea Research Institute of Chemical Technology

ရာသီဥတုပြောင်းလဲမှုကိုထိန်းချုပ်ဖို့အတွက် ကိုရီးယားသိပ္ပံပညာရှင်တစ်ဦးက ဂဏန်းအခွံကိုအသုံးပြုပြီး သဘာဝနဲ့ သဟဇာတဖြစ်တဲ့အိတ်တွေတီထွင်လိုက်ပါတယ်။ သုတေသနပညာရှင် HwangSung Yein က အခုတီထွင်လိုက်တဲ့ အိပ်တွေက လက်ရှိသုံးနေတဲ့ပလက်စတစ်အိပ်တွေထက် ပိုခိုင်ခံ့မှုရှိပြီးကြာရှည်လဲခံပါတယ်။

သုံးနေကျပလက်စတစ်တွေကို ကျောက်မီးသွေးနဲ့ရေနံကနေမှတစ်ဆင့်ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီပလတ်စတစ်တွေ ဟာ ကြာရှည်မခံတဲ့အတွက်ကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်ပွားတဲ့နေရာမှာ ဒီပစ္စည်းတွေဟာလည်း တစ်ထောင့် တစ်နေရာကနေပါဝင်ပါတယ်။

KRICT BIOPOLYMER GROUP

ရာသီဥတုပြောင်းလဲမှုမှာ လောင်စာကင်းလွတ်သွားဖို့လိုအပ်တယ်လို့  Hwang က Korea Times သတင်းစာကို ပြောခဲ့ပါတယ်။ ပလတ်စတစ်အားလုံးဟာ လောင်စာတွေဖြစ်တာကြောင့် ဒီဇီဝပလတ်စတစ်ကိုတီထွင်ဖို့ အဖြေရရှိခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး ရာသီဥတုပြောင်းလဲမှုမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီခွင့်ရတဲ့အတွက် ၀မ်းသာတယ်လို့လည်း Hwang ကပြောပါတယ်။

ဓာတုဗေဒပေါင်းစပ်ထားတဲ့ ပလတ်စတစ်ကို (၁၈၆၈)ခုနှစ်က အမေရိကန်တီထွင်သူ John Wesley Hyatt က ပထမဆုံးတီထွင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကတည်းက လူတွေက ပလတ်စတစ်ကို သုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ ပလတ်စတစ် ထုတ်ကုန်ကို ကုမ္ပဏီတော်တော်များများက စီးပွားဖြစ်စတင် လုပ်ဆောင်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဒီပလတ်စတစ်တွေဟာ တန်ချိန်(၆.၉)ဘီလီယံကျော်ရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ စွန့်ပစ်ပစ္စည်း ဖြစ်လာခဲ့ပါတယ်။

Hwang တီထွင်လိုက်တဲ့အိတ်ကတော့ ခနလေးနဲ့ပျက်စီးသွားမှာ မဟုတ်မပဲ (၆)လအထိအသုံးခံတယ်လို့ Hwang ကပြောပါတယ်။

Korea Research Institute of Chemical Technology

ဒီပလတ်စတစ်ကို လူတွေရဲ့ဘ၀တိုးတက်မှုအတွက် ရည်ရွယ်ပြီးတီထွင်ခဲ့တာဖြစ်တယ်လို့ Hwang က Korea Times သတင်းစာကို ပြောခဲ့ပါတယ်။ ပြောနိုင်တာတစ်ခုကတော့ အခုတီထွင်လိုက်တဲ့ ပလတ်စတစ်ဟာ လူမှုတိုးတက်မှု အသစ်တစ်ခုဖြစ်တယ်လို့လည်း Hwang က ဆက်လက်ပြောကြားခဲ့ပါတယ်။

ဇီဝပလတ်စတစ်ဟာ ပုံမှန်အားဖြင့် ဂျုံ၊ သစ်သား၊ ဆန်စပါးနဲ့သကြားဓာတ်တွေကိုပေါင်းစပ်ထုတ်လုပ်ထား တာဖြစ်ပါတယ်။ အဲတာကြောင့် ဆွေးမြေ့မှုပိုမိုမြန်ဆန်တဲ့အတွက်ကြောင့် အလွယ်တကူ စွန့်ပစ်ကြတာဖြစ်ပါတယ်။

Korea Bizwire သတင်းဌာနရဲ့ဖော်ပြချက်အရ ဒီပြဿနာကိုဖြေရှင်းဖို့ Hwang နဲ့သူ့ရဲ့အဖွဲ့တွေက ဂဏန်းအခွံကိုအသုံးပြုပြီး သဘာဝနဲသဟဇာတဖြစ်တဲ့အိတ်တွေ တီထွင်လိုက်တာပါ။ သူတို့တီထွင်လိုက်တဲ့အိတ်ဟာ ကြာရှည်ခံပြီး လုံခြုံမှုရှိတာကြောင့် ပစ္စည်းတွေထည့်သုံးရာမှာလည်း အဆင်ပြေ လွယ်ကူစေတယ်လို့ သိရပါတယ်။

Thae Su

SHARE