စကိတ်မယ်အချောလေး နှစ်ယောက်ကြားက အငြင်းပွားဖွယ်ရာ ဖြစ်ရပ်တစ်ခု

အပြည်ပြည်ဆိုင်ရာ စကိတ်အားကစားအသင်း (ISU) က ကျင်းပတဲ့ World Figure Skating Championships ရေခဲပြင်စကိတ်ပြိုင်ပွဲကြီးကိုတော့ ဂျပန်နိုင်ငံ၊ ဆာအီတာမာမြို့မှာ ကျင်းပလျက်ရှိပါတယ်။ ပြိုင်ပွဲကာလကတော့ ယခုမတ်လ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ ဖြစ်ပါတယ်။

ပြိုင်ပွဲကာလ အတောအတွင်းမှာတော့ ပြိုင်ပွဲဝင်အချို့ကြား အငြင်းပွားဖွယ်ရာ ကိစ္စအချို့လည်း ဖြစ်ပွားသွားခဲ့ပါတယ်။ အမေရိကန် ကိုယ်စားပြု စကိတ်မယ်က သူမရဲ့ ပြိုင်ဘက်ဖြစ်တဲ့ တောင်ကိုရီးယားစကိတ်မယ်ကို ဒဏ်ရာအနာတရဖြစ်အောင် တမင်လုပ်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ပါ။

Dailymail

မတ်လ ၂၀ ရက်နေ့ ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန်စကိတ်မယ် မာရီယာဘဲလ် (၂၂ နှစ်) နဲ့ တောင်ကိုရီးယားစကိတ်မယ် လင်းအွန်ဆူ (၁၆ နှစ်) တို့ဟာ ပြိုင်ပွဲမစခင် ရေခဲပြင်ကွင်းထဲမှာ စကိတ်စီးပြီး သွေးပူအောင် ကျင့်နေခဲ့ကြတာပါ။ လင်းကတော့ သွေးပူလေ့ကျင့်ခန်းပြီးလို့ ပြိုင်လမ်းရဲ့ အစွန်နားကို စကိတ်စီးလာနေခဲ့စဉ်မှာ အနောက်ကနေ လေ့ကျင့်ဖို့ ကွင်းထဲဝင်လာခဲ့တဲ့ မာရီယာက လင်းရဲ့ ခြေသလုံးကို သူမရဲ့ စကိတ် ဘလိတ်နဲ့ ထိုးချခဲ့သလို ဖြစ်သွားခဲ့ပါတယ်။

READ
စက်လှေကားမှ ပြုတ်နေတဲ့သံစနဲ့ထိုးမိပြီး ခြေသလုံးအသားစကြီးတွဲလောင်းကျတဲ့အထိဒဏ်ရာရခဲ့
Dailymail

စကိတ်ဖိနပ်ရဲ့ ဘလိတ်ဟာ ထက်တဲ့အတွက် လင်းရဲ့ ခြေသလုံးမှာလည်း ပြတ်ရှဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒီအဖြစ်ကို တောင်ကိုရီးယားဘက်က အေးဂျင့်တစ်ဦးက မြင်လိုက်ပြီး မာရီယာက သူ့လုပ်ရပ်အတွက် တောင်းပန်စကားတောင် မဆိုဘဲ ကွင်းထဲမှာ ဆက်လေ့ကျင့်နေခဲ့တယ်လို့ ဆိုပါတယ်။

TASS

တောင်ကိုရီးယား စကိတ်မယ်လေး လင်းမ်ကတော့ ဒဏ်ရာရထားတဲ့ကြားက ၇၂.၉၁ မှတ်ရခဲ့ပြီး အဆင့် ၅ နေရာ ရခဲ့ပါတယ်။ ဒါဟာ သူမ ရဖူးတဲ့ အမှတ်တွေထဲမှာ အမြင့်ဆုံးစံချိန်လည်း ဖြစ်ခဲ့ပါတယ်။ အမေရိကန် ကိုယ်စားပြု မာရီယာကတော့ အဆင့် ၆ နေရာ ဝင်ခဲ့ပါတယ်။ စကိတ်မယ် ၂ ဦးရဲ့ မတော်တဆမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားအသင်းဘက်က ISU ကို တိုင်ကြားခဲ့ပြီး ISU ဘက်က အခုလို ထုတ်ပြန်ခဲ့ပါတယ်။

TASS

“ဗီဒီယိုသက်သေအရ မာရီယာက လင်းကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ တမင်လုပ်ခဲ့ပုံမပေါ်ဘဲ မတော်တဆမှုသာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ISU အနေနဲ့ နှစ်နိုင်ငံလုံးဘက်က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံထားပြီး ချစ်ကြည်ရေး မပျက်မယ့် ဖြေရှင်းမှုတွေ ရှာသွားမှာပါ။”

READ
စကပ်အောက်သို့ လျှို့ဝှက်ကင်မရာဖြင့် မဖွယ်မရာဗွီဒီယိုရိုက်သူကို ဖမ်းဆီးနိုင်ခဲ့
TASS

စကိတ်မယ် ၂ ဦးလုံးကလည်း အယ်လ်အေမှာ နည်းပြတစ်ဦးတည်းနဲ့ အတူတူသင်ကြားကြတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားအသင်းဘက်ကနေ မာရီယာက လင်းကို ထိုစဉ်ကတည်းက အနိုင်ကျင့်လေ့ရှိကြောင်း စွဲချက်တင်ထားခဲ့ပါတယ်။ အမေရိကန် အိုလံပစ်စကိတ်သမား Adam Rippon ကတော့ သူ့တွစ်တာမှာ ထိုစွဲချက်ဟာ လုံးဝမှားကြောင်း မာရီယာဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပါတယ်။

Twitter

အွန်လိုင်းပေါ်က ၂ နိုင်ငံ ပရိသတ်တွေကတော့ မှတ်ချက်အမျိုးမျိုးပါပဲ။ တောင်ကိုရီးယားပရိသတ်တွေက မာရီယာကို ဖြစ်စဉ်အတွက် မတောင်းပန်လို့ ပြစ်တင်ဝေဖန်နေကြပြီး အမေရိကန်ပရိသတ်တွေကလည်း မာရီယာဘက်က ကာကွယ်ပေးတာမျိုးတွေ ရှိပါတယ်။

Wire feeds

Ref: Dailymail

SHARE