ကိုးရီးယားကြက်တောင်ပံကြွပ်ကြော် အစပ် ပြုလုပ်နည်း

ဒီတစ်ခါ ကိုးရီးယားစတိုင်ကြက်တောင်ပံ အစပ်ကြွပ်ကြော် ပြုလုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်။ ရုပ်ရှင်ကြည့်ရင်းပဲစားစား၊ ထမင်းနဲ့ပဲစားစား အရမ်းကောင်းပါတယ်။

လိုအပ်သောပစ္စည်းများ

  • ကြက်တောင်ပံ သို့မဟုတ် ကြက်ပေါင် (၅) ခု
  • ခရုဆီ သုံးဇွန်း
  • ပဲငံပြာရည် ၅ ဇွန်း
  • ကြက်သွန်ဖြူ ၅ တက် (ထောင်းထားပါ)
  • ကြက်သားမှုန့် ၃ ဇွန်း
  • ဆား ၁ ဇွန်း
  • သကြား တစ်ဇွန်း
  • ငရုတ်သီးအနှစ် ၃ ဇွန်း
  • ကြက်သွန်မြိတ် ၅ ပင်
  • ဆီ

ပြုလုပ်ပုံအဆင့်ဆင့်

  • ပထမဆုံး ကြက်သားကို ရေသေချာဆေးပြီး ကြက်သားမှုန့်နှင့်ရောနယ်ထားပါ။
  • ဒယ်ဆိုးထဲသို့ဆီထည့်ပြီး အပူပေးပါ။
  • ဆီသိပ်မပူခင်ကြက်သားကိုထည့်၍ ကြွပ်သည်အထိကြော်ပါ။
  • ကြက်သားကျက်လျှင် ဆယ်၍ ဆီစစ်ထားပါ။
  • ဆီမျယဒလျှင် လျှော့၍ သင့်တော်သော ပမာဏတွင် ကြက်သွန်ဖြူ၊ သကြား၊ ပဲငံပြာရည်၊ ခရုဆီ၊ ငရုတ်သီးအနှစ်တို့ကိုထည့်ပါ။
  • အနှစ်ပွက်လာလျှင် ကြက်သားကိုထည့်ပါ။
  • သေချာသမအောင်မွှေပြီးလျှင် ကြက်သွန်မြိတ်ကို လှီး၍ထည့်ပါ။
  • ပြီးလျှင် မီးဖိုပေါ်မှချ၍ သုံးဆောင်နိုင်ပါပြီ.။
  • ဆီအရမ်းမပူစေရန် သတိပြုပါ။
READ
အီတလီသားတွေ သိပ်ကြိုက်ကြတဲ့ တူရင်ကလမ်းဘေးမလေးရှားဆာတေးဆိုင်လေး

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE