သေခါနီးမိခင်ရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့ အသည်းအသန်ကြိုးစားနေတဲ့ အမျိုးသမီး

facebook/Isabelle Hyon

အမေရိကန်လေတပ်သားဟောင်း တောင်ကိုရီးယားလူမျိုး အမျိုးသမီးတစ်ဦးဟာ အသက်ရှင်မယ့်ရက် သိပ်မကျန်တော့တဲ့ မိခင်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ဆိုရှယ်မီဒီယာပေါ် အကူအညီတောင်းနေကြောင်း nextshark သတင်းအရ သိရပါတယ်။ သူမနာမည်က Isabelle Hyon DuCharme ဆိုသူပါ။ Isabelle က သူမမိခင်ဟာ နေထိုင်ဖို့အချိန်သိပ်မကျန်တော့တာကြောင့် တောင်ကိုရီးယားမှာရှိတဲ့ မိခင်ရဲ့မိသားစုနဲ့ အဆက်အသွယ်ရဖို့ အသည်းအသန်ကြိုးစားနေတာဖြစ်ပါတယ်။

Isabelle ရဲ့မိခင် Hyon Chu DuCharme ဟာ အသက်၅၀ရှိပါပြီ။ အက်ဆီးဒန့်တစ်ခုနဲ့ကြုံပြီး ခရစ္စမတ်နေ့ကမှ ဆေးရုံတက်လိုက်ရတာဖြစ်ပါတယ်။ ဆေးရုံတက်ပြီးနောက်တစ်ရက်မှာတော့ မိခင်ဖြစ်သူဟာ ကိုဗစ်ပေါ့စတစ်တွေ့လို့ Isabelle က ယူကြုံးမရဖြစ်နေခဲ့တာပါ။ “အမေက အခု အသက်ရှူစက်နဲ့ နေနေရတာ။ ဆရာဝန်တွေကတော့ အမေ့မှာ ရက်သိပ်မကျန်ဘူးပြောတယ်။ ဒါကြောင့် ကျွန်မတို့အချိန်မကုန်ခင် အမေ့ရဲ့မိသားစုကို ကျွန်မရှာပေးချင်တယ်။”

 

View this post on Instagram

 

A post shared by belle.hyon (@belle.hyon)

Isabelle ရဲ့မိခင်ဟာ ၁၉၈၉ခုနှစ် ဧပြီလကမှ အမေရိကန်ကိုရွှေ့ပြောင်းနေထိုင်လာခဲ့တာပါ။ ဒီမတိုင်ခင်တော့ တောင်ကိုရီးယားက Chuncheon-si မှာနေထိုင်ပါတယ်။ Isabelle ရဲ့အဘွားကတော့청화다방 အမည်ရတဲ့ကော်ဖီဆိုင်တစ်ဆိုင်ပိုင်ပြီး ၁၉၉၅ ခုနှစ်မှာ ကွယ်လွန်သွားပါတယ်။ Isabelle တို့သားအမိဟာ ၂၀၁၂ ခုနှစ်ကစပြီး အဆက်သွယ်ပြတ်သွားခဲ့တဲ့ Isabelle မိခင်ရဲ့ ညီအစ်ကိုမောင်နှမတွေကိုရှာဖွေနေခဲ့တာဖြစ်ပါတယ်။

READ
အွန်လိုင်းကနေ အမျိုးသမီးတွေကို အယုံသွင်းပြီး ဒေါ်လာသန်းချီလိမ်ညာခဲ့တဲ့ အမျိုးသား

“အမေကတော့ သူ့အစ်ကိုကြီးက ပြတင်းပေါက်ဘောင်တွေတပ်တဲ့ကုမ္ပဏီမှာ အလုပ်လုပ်နေတယ်။ သူ့အစ်မကတော့ Uijeongbu မှာ ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ထားတယ်။ သူ့မောင်ကတော့ စားဖိုမှုးဖြစ်ကောင်းဖြစ်နေလိမ့်မယ်လို့ ယုံကြည်နေတယ်။” လို့ Isabelle က ဆိုပါတယ်။ မောင်နှမတွေနဲ့ အမြဲတမ်းရင်းနှီးစွာနေလာခဲ့တဲ့ Isabelle ရဲ့မိခင်ဟာ အဆက်အသွယ်ပြတ်သွားတော့ အရမ်းခံစားနေခဲ့ရတာပါ။ ဒါကြောင့် မိခင်မသေခင်မှာ သူတွေ့ချင်တဲ့မောင်နှမတွေနဲ့ ပြန်တွေ့နိုင်ဖို့အရေး Isabelle က လိုက်စုံစမ်းနေတာဖြစ်ပါတယ်။

UPDATE AS OF January 16, 2021:
WE DID IT, WE FOUND THEM!!! Thank you everyone who has shared, commented, and tagged…

Posted by Isabelle Hyon on Thursday, 14 January 2021

Facebook ပေါ်မှာလည်း သူမက ပို့စ်တင်ထားပါတယ်။ ကိုရီးယားဘာသာစကားနဲ့လည်း သူမအဘွားရဲ့ဓာတ်ပုံတွေ၊ မိခင်ဖြစ်သူရဲ့မောင်နှမတွေနဲ့ ဓာတ်ပုံတွေတင်ပြီး မျှဝေထားပါသေးတယ်။ Isabelle ကတော့ သူမရဲ့မိသားစုဝင်တွေကို အမြန်ဆုံးတွေ့ချင်နေပြီး သူမပို့စ်ကို အားလုံးသိအောင် မျှဝေပေးကြဖို့လည်း တောင်းဆိုထားပါသေးတယ်။

READ
ရေကူးကန်ထဲမှာ ကလေးတွေလိုလုပ်နေကြတဲ့ အင်္ဂလန်အသင်းသားတွေ

ShweMom

SHARE