လည်ပတ်ချင်စရာကောင်းတဲ့ ကိုရီးယားရဲ့ အကြီးဆုံးအပန်းဖြေဥယျာဉ်ကြီိး

ခရီးသွားရတာကို ကြိုက်တဲ့သူတွေ၊ကိုရီးယားကို ချစ်တဲ့ သူတွေ အတွက် ကိုရီးယား နိုင်ငံရဲ့ အထင်ကရ နေရာတစ်ခု အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ကိုရီးယားဇာတ်ကားတွေကို ကြိုက်တဲ့သူတွေ ဆိုရင်တော့ ဇာတ်ကားတွေ ထဲမှာ  တွေ့ဖူးကြမှာပါ။Everland ဆိုတဲ့ အပန်းဖြေဥယျာဉ်ပါ။Everland ဟာ တောင်ကိုရီးယား ရဲ့ အကြီး ဆုံးအပန်းဖြေဥယျာဉ်ကြီးပါ။တောင်ကိုရီးယားနိုင်ငံ Gyeonggi-do  ပြည်နယ် Yongin မြို့မှာ တည်ရှိတာပါ။ အရင်တုန်းက အင်္ဂလိပ်နာမည်ဟောင်း “Farmland” ဖြစ်ပြီးနောက်ပိုင်းကျမှ Everland ဆိုပြီး ဖြစ်သွားတာပါ။ (၁၉၇၆)ခုနှစ်တည်းက ဖွင့်လှစ်ခဲ့တာပါ။

အရမ်းကိုကျယ်ပြန့်လှပြီး ပန်းရောင်စုံတွေရှိတဲ့ ဥယျာဉ်ကြီးပါ။(၂၀၁၁)တုန်းကဆိုရင် လာရောက်လည်ပတ်သူ ကမ္ဘာတစ်ဝန်းမှာ လာရောက်လည်ပတ်သူ အများဆုံး အပန်းဖြေဥယျာဉ်စာရင်းရဲ့ နံပါတ်(၁၃)နေရာမှာ  ရပ်တည်ခဲ့ ဖူးပါတယ်။လည်ပတ်သူအရေအတွက် (၆.၆)သန်းနဲ့ အဲ့ဒီနေရာကို ရောက်ခဲ့တာပါ။နွေဦးလို အချိန်ကတော့ အလည် သွားလို့ အကောင်းဆုံး အချိန်ပါ။ဧပြီလကုန်ပိုင်းလောက်အထိဆိုရင် ပန်းရောင်စုံပေါင်း (၁.၂)သန်း ပွင့်လန်း နေတတ် ပါတယ်။

READ
တောင်အမေရိကမှ ကိုယ်တိုင်လုပ် ရေပေါ်ကျွန်းလေးများဆီက Uro လူမျိုးတို့အကြောင်း

အခုဆိုရင်တော့ နှစ်စဉ်နှစ်တိုင်းလာရောက်လည်သူ အရေအတွက်ဟာ (၇.၃)သန်းလောက်အထိ ရှိလာခဲ့ပါပြီ။အပန်း ဖြေဥယျာဉ်အနေနဲ့ တင်မဟုတ်ပဲ တိရစ္ဆာန်ဥယျာဉ်တစ်ခုနဲ့ ရေကစားဥယျာဉ်တစ်ခုလည်း ပါရှိပါတယ်။ Everland  ကိုတော့ Samsung C&T Corporation က ဖွင့်လှစ်ထားတာပါ။Samsung C&T Corporation  ကတော့ Samsung Group ရဲ့ လက်အောက်ခံကုမ္ပဏီခွဲတစ်ခုပါ။

Everland မှာ နေရာဇုန်(၅)ခုရှိပါတယ်။ Global Fair မှာတော့ ဆိုင်တွေ၊စားသောက်ဆိုင်တွေ၊ အပန်းဖြေလမ်း လျှောက်တာတွေ လုပ်လို့ရတဲ့ နေရာမှာပါ။ Zoo-Topia ဆိုတဲ့ဇုန်မှာတော့ ပိုလာဝက်ဝံ၊ပင်လယ်ဖျံ၊ပင်ဂွန်း၊ကျား အစရှိတဲ့      တိရစ္ဆာန်လေးတွေ နေတဲ့ ဥယျာဉ် အသေး လေးရှိပါတယ်။European Adventure ဇုန်မှာတော့ European styles အစားအစာတွေရပါတယ်။ရထား၊ဂိမ်းတွေနဲ့ ဆိုင်တန်းတွေ ရှိပါတယ်။ပန်းအလှတွေနဲ့ အလှ ဆင် ထားပါတယ်။Magic Land မှာတော့ စီးစရာတွေ၊ကစားစရာတွေ အများကြီးရှိပါတယ်။ American Adventure မှာတော့ အနောက်တိုင်းစတိုင်လ် ‘Rodeo’ စီးစရာတွေအများကြီးရှိပါတယ်။ကိုရီးယားကို ရောက်ရင်တော့ အလည်သွားဖြစ်အောင် သွားသင့်တဲ့ နေရာတစ်ခုပါ။

READ
ဆောင်းရာသီ ခရီးသွားဆွဲဆောင်မှုဖြစ်တဲ့ မွန်ဂိုရိုးရာငါးဖမ်းသူများ ကျက်စားရာ ရေခဲပြင်ကန်ကြီး

REF WIKI

SHARE