အင်ဂျင်မှာပြဿနာကြီးရှိနေလို့ ကားစီးရေ(၅)သိန်းကို ပြန်သိမ်းနေတဲ့ Hyundai နဲ့ Kia

ကိုရီးယားရဲ့ ထိပ်တန်းကားကုမ္ပဏီတွေဖြစ်တဲ့ Hyundai နဲ့ Kia ဟာ အမေရိကန်ကိုတင်ပို့ထားတဲ့ ကားအစီးရေ သန်းတစ်ဝက်လောက်ကို ပြန်သိမ်းနေကြောင်း သိရပါတယ်။ ပြန်သိမ်းရတဲ့အကြောင်းက ကားအင်ဂျင်တွေမှာ ဆီယိုစိမ့်ပြီး မီးလောင်ပေါက်ကွဲနိုင်တဲ့ ပြဿနာရှိနေတာကို တွေ့ရှိလာတာကြောင့်ပါ။

Associated Press Photo

Kia ရဲ့ Soul SUVs မော်ဒယ်ဟာ စိတ်မချရဆုံးဖြစ်နေပါတယ်။ တာဝန်ရှိသူတွေကတော့ (၁.၆) လီတာ အင်ဂျင်နဲ့ (၂၀၁၂) ခုနှစ်ကနေ (၂၀၁၆) ခုနှစ်တွင်း ထုတ်လုပ်ခဲ့တဲ့ ယာဉ်မော်ဒယ်မှန်သမျှကို လိုက်သိမ်းနေတာ ဖြစ်ပါတယ်။ (၂၀၁၁) ခုနှစ်နဲ့ (၂၀၁၂) ခုနှစ်တွင်း ထုတ်လုပ်ခဲ့တဲ့ Kia Sportage SUVs ကိုလည်း Kia က ပြန်သိမ်းနေရာမှာ စုစုပေါင်း ယာဉ်အစီးရေ (၃၇၉,၀၀၀)ထိ သိမ်းဆည်းပြီး ဖြစ်ပါတယ်။

Meredith Pyle Olinger

Hyundai ကတော့ လက်ရှိမှာ (၂၀၁၁) ခုနှစ်ကနေ (၂၀၁၃) ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ Tucson SUVs စီးရေ (၁၅၂,၀၀၀) ကို ပြန်လည်သိမ်းဆည်းထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ထွက်ရှိခဲ့တဲ့ သတင်းတွေအရ Hyundai နဲ့ Kia ယာဉ်အစီးရေပေါင်း(၃၀၀) ကျော်ဟာ အင်ဂျင်မီးလောင်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

READ
ရှားပါးရောဂါကြောင့် တစ်ရက်ကို နာရီပေါင်း 20 အထိ အိပ်စက်နေရတဲ့ ကလေးငယ်
NBCLA

Hyundai နဲ့ Kia တို့ရဲ့အဖြစ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစောပိုင်းတန်းက ရေဆေးရင် မီးလောင်တယ်ဆိုတဲ့ Honda Ridgeline ထရပ်ကားပေါင်း (၁) သိန်းကို ပြန်လည်သိမ်းဆည်းပြီးနောက်ပိုင်း ထွက်ပေါ်တဲ့ သတင်းဖြစ်ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလထဲမှာ Ford ကလည်း ဂီယာပြဿနာရှိနေတဲ့ မော်တော်ကားနဲ့ ထရပ်ကားစီးရေ (၁.၈) သန်းကျော်ကို သုံးကြိမ်ခွဲပြီး သိမ်းဆည်းခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ Hondaရဲ့ မတော်တဆမှုဖြစ်တဲ့အခါ အလိုအလျောက်ထွက်လာတဲ့လေအိတ်တွေဟာ ပေါက်ကွဲနိုင်ခြေရှိတယ်ဆိုတာကြောင့် ယာဉ်စီးရေ (၁.၄) သန်းကို ပြန်သိမ်းခဲ့ရကြောင်းလည်း သိရပါတယ်။

NBCLA

လင်းလင်း (ShweMom)

Ref: fortune, dailymail, bloomberg

SHARE