ယခုအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းကောင်းများ

youtube

ဒီကနေ့မှာတော့ ကေပေါ့ ချစ်သူ ပရိသတ်တွေအတွက် သြဂုတ်လ စတုတ္ထပတ်ထဲမှာ အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်သီချင်းကို အကြိုက်ဆုံးလဲ။

GRIZZLY(그리즐리), CHUNG HA(청하) _ RUN

ဒီသီချင်းကတော့ ဒီနေ့မှအသစ်ထွက်ရှိထားတဲ့ သီချင်းဖြစ်ပြီး တေးသွားမြူးမြူးလေးဖြစ်တာကြောင့် ကေပေါ့ ပရိသတ်တွေ ကြိုက်နှစ်သက်ကြမှာပါ။

UP10TION(업텐션) _ Your Gravity

ဒီသီချင်းကတော့ UP10TION အဖွဲ့ရဲ့အယ်လ်ဘမ်အသစ်ထဲက သီချင်းအသစ်လေးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေတာဖြစ်ပါတယ်။

 

OH HAYOUNG(오하영) _ Don’t Make Me Laugh

APink အဖွဲ့ရဲ့ အငယ်ဆုံးလေးဖြစ်တဲ့ Hayoung ကတော့ တစ်ကိုယ်တော်အဖြစ် အနုပညာလှုပ်ရှားမှုတွေကို စတင်နေပြီဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းအသစ်လေးကိုလည်း နားထောင်ကြည့်လိုက်ပါဦးနော်။

READ
“Frequency “ ရုပ်ရှင်ကားအထူးပွဲကို အလှဆုံးတက်ရောက်လာခဲ့တဲ့ အိန္ဒြာကျော်ဇင်

Red Velvet 레드벨벳 ‘음파음파 (Umpah Umpah)

အမြဲ တမူထူးခြားပြီး ဆန်းသစ်တဲ့ သီချင်းတွေနဲ့ Come back လာလေ့ရှိတဲ့ Red Velvet ကတော့ အခုထွက်ထားတဲ့ သီချင်းလေးနဲ့လည်း Music chart တွေမှာ နံပါတ် ၁နေရာတွေကို ရရှိနေတာဖြစ်ပါတယ်။

THE BOYZ(더보이즈) _ D.D.D

The Boyz အဖွဲ့ကတော့ အမိုက်စားသီချင်းနဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ နားထောင်ကြည့်လိုက်ပါဦးနော်။

EVERGLOW (에버글로우) – Adios

အဖွဲ့အသစ်ဖြစ်ပေမဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအများဆုံးရရှိနေတဲ့ ဒီအဖွဲ့ကတော့ Adios ဆိုတဲ့ ဒီသီချင်းနဲ့လည်း သူတို့ရဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။

source: Youtube

SHARE