ဇွန်လ တတိယအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းများ

from youtube

ဒီကနေ့မှာတော့ ကေပေါ့ ချစ်သူ ပရိသတ်တွေအတွက် ဇွန်လ တတိယအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေကို နားထောင်ပြီးပြီလဲ ပရိသတ်ကြီးရေ။

SATURDAY(세러데이) – 귀요미송(Gwiyomi Song)

ဒီသီချင်းလေးကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဂီရောမီသီချင်းကို ခပ်ဆန်းဆန်းလေး စာသားတွေနဲ့ ပြန်ဆိုထားတာဖြစ်ပါတယ်။ ချစ်စရာအရမ်းကောင်းလို့ နားထောင်ကြည့်လိုက်ပါဦးနော်။

ZELO(젤로) ‘알고싶어 (Questions)’

ဒီသီချင်းကတော့ ZELO က solo အနေနဲ့ ပရိသတ်တွေကို ချပြလိုက်တဲ့ သီချင်းလေးဖြစ်ပါတယ်။ B.A.P အဖွဲ့ရဲ့ အငယ်ဆုံးလေးကို အားပေးလိုက်ပါဦးနော်။

URBAN ZAKAPA 어반자카파 ‘기분 좋은 날 One Happy Day

ဒီသီချင်းကတော့ ခပ်မြူးမြူးလေးဖြစ်လို့ သူငယ်ချင်းတွေနဲ့ ပါတီလုပ်တဲ့အခါ ဖွင့်လို့ကောင်းတဲ့ သီချင်းမျိုးပါ။နားထောင်ကြည့်လိုက်ပါဦးနော်။

READ
စည်းကမ်းကို အမူအယာတွေနဲ့ ဖော်ပြခဲ့တဲ့ ဂေါ်ရီလာကြီး

JeA(제아) _ Dear. Rude (Feat. CHEETAH(치타))

Brown Eyed Girls အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ သူမကတော့ သီချင်းအသစ်လေးနဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။ နာမည်ကျော် rapper ဖြစ်တဲ့ Cheetah ကလည်း ပါဝင်သီဆိုထားပါတယ်။

Stray Kids “부작용(Side Effects)”

သီချင်းပုံစံလေးက ခပ်ဆန်းဆန်းလေးဖြစ်လို့ နားထောင်ကြည့်လိုက်ပါဦးနော်။ အရမ်းမိုက်တဲ့ သီချင်းလေးပါ။

Red Velvet 레드벨벳 ‘짐살라빔 (Zimzalabim)’

Red Velvet ကတော့ သူမတူတဲ့ သီချင်းပုံစံတွေနဲ့ ကေပေါ့ လောကမှာ အောင်မြင်တဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီတစ်ခေါက် comeback မှာလည်း သီချင်းပုံစံ ခပ်ဆန်းဆန်းလေးနဲ့ ပရိသတ်ကို ဖမ်းစားလိုက်ပြန်ပါပြီ။

YESUNG 예성 ‘Pink Magic’

Super Junior ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Yesung ကတော့ သီချင်းချိုချိုလေးနဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။

READ
မြန်မာဆန်ဆန် ကျက်သရေရှိပြီး လှနေတဲ့ စိုးပြည့်သဇင်

Source: Youtube

 

SHARE