ဇွန်လ နောက်ဆုံးအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းများ

from youtube

ဒီကနေ့မှာတော့ ကေပေါ့ သီချင်းချစ်သူ ပရိသတ်တွေအတွက် ဇွန်လနောက်ဆုံးအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေကို နားထောင်ပြီးပြီလဲ.. ကေပေါ့ပါတို့ရေ။

EUN JIWON(은지원) – ‘불나방 (I’M ON FIRE) (Feat. Blue.D)

ဒီသီချင်းကတော့ SechsKies အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Eun Jiwon ရဲ့ တစ်ကိုယ်တော်သီချင်သစ်ဖြစ်ပါတယ်။ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဟစ်ဟော့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

((G)I-DLE) – ‘Uh-Oh’

အရင်တုန်းက ခေတ်စားခဲ့တဲ့ ခေတ်စားခဲ့တဲ့ ဟစ်ဟော့ သီချင်း ပုံစံမျိုးကို တင်ဆက်ထားပြီး အမိုက်စား ရက်ပ်တွေ အကတွေနဲ့ ပေါင်းစပ်ထားတဲ့ သီချင်းကောင်းဖြစ်လို့ နားထောင်ကြည့်လိုက်ပါဦးနော်။

(Eui Jin) – 불면증 (insomnia)

ဒီသီချင်းကိုတော့ BIGFLO အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တဲ့ Eui Jin ကတော့ သီချင်းအသစ်လေးနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။ နားထောင်ကြည့်လိုက်ပါဦးနော်။

READ
မကြာမီ ပြသတော့မယ့် Despicable Me 3 ရဲ့ Trailor ကို ကြည့်နိုင်ပြီ။

PURPLEBECK (퍼플백) – Crystal Ball

အဖွဲ့အသစ်ဖြစ်တဲ့ PURPLEBECK ကတော့  ခပ်မိုက်မိုက်သီချင်းလေးနဲ့ ပွဲဦးထွက်ကို အပြတ်ကြမ်းလိုက်ပါပြီ။ နားထောင်ကြည့်လိုက်ပါဦးနော်။

CHUNG HA) – “Snapping”

ကေပေါ့လောကရဲ့ ဒုတိယ BOA ဖြစ်လာမယ့်သူလို့ နာမည်ကြီးနေတဲ့ သူမကတော့ ဒီတစ်ခေါက် comeback မှာလည်း ပရိသတ်တွေကို စိတ်မပျက်စေခဲ့ပါဘူး။ အမိုက်စား သီချင်းနဲ့ ကကွက်တွေကို နားထောင်ကြည့်လိုက်ပါဦးနော်။

Monsta X – WHO DO U LOVE? ft. French Montana

ဒီသီချင်းကတော့ ကေပေါ့အဆိုတော်အဖွဲ့က French Montana နဲ့အတူ သီဆိုထားတဲ့ အင်္ဂလိပ်သီချင်းကောင်းတစ်ပုဒ်ပါ။ Monsta X အဖွဲ့ကတော့ အာရှမှာသာမက အနောက်တိုင်းမှာပါ အောင်မြင်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

READ
မွေးနေ့မှာ ခင်ပွန်းဆီက ရိုမန်တစ်ဆန်တဲ့ လက်ဆောင်ရရှိခဲ့လို့ ပျော်နေခဲ့တဲ့ ယွန်းဝတီလွင်မိုး

Source: Youtube

SHARE