စက်တင်ဘာလ တတိယအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းကောင်းများ

youtube

ဒီကနေ့မှာတော့ ကေပေါ့ သီချင်းတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ယခုအပတ်ထဲမှာ အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေကို နားထောင်ပြီးပြီလဲ။

Punch(펀치) _ Sometimes

ဒီသီချင်းကတော့ ဇာတ်ဝင်တေးတွေရဲ့ ဘုရင်မတစ်ပါးလို့ တင်စားကြတဲ့ Punch ရဲ့ သီချင်းအသစ်လေးဖြစ်ပါတယ်။

 

Dreamcatcher(드림캐쳐) ‘데자부 (Deja Vu)

အခြား မိန်းကလေးအဖွဲ့တွေနဲ့ မတူညီပဲ လုံးဝကွဲထွက်နေတဲ့ concept ကြောင့် နာမည်ကြီးတဲ့ ဒီအဖွဲ့ကတော့ သီချင်းအသစ်တစ်ပုဒ်ကို ပရိသတ်တွေလက်ထဲကို ထည့်ပေးလိုက်ပြန်ပါပြီ။

SUPER JUNIOR 슈퍼주니어 ‘Somebody New’

ကေပေါ့ ပရိသတ်တွေရဲ့ အချစ်ဦးလို့ ဆိုလို့ရတဲ့ Super Junior အဖွဲ့ကတော့ သီချင်းအသစ်လေးနဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလို့လာပါပြီ။

READ
သားလေးအတွက် မွေးနေ့ဆုတောင်း ပေးခဲ့ကြတဲ့ ပြေတီဦးနဲ့ အူဝဲ

SEVENTEEN(세븐틴) – 독 : Fear

ဒီသီချင်းကတော့ Seventeen အဖွဲ့ရဲ့ သီချင်းသစ်တစ်ပုဒ်ဖြစ်ပါတယ်။ နားထောင်ကြည့်လိုက်ပါဦးနော်။

Girls in the Park(공원소녀) _ Total Eclipse

ဒီအဖွဲ့ကတော့ comeback တစ်ခုလုပ်တိုင်း ပရိသတ်တွေတိုးလာတဲ့ အဖွဲ့လေးဖြစ်ပါတယ်။သူတို့ရဲ့ သီချင်းလေးကို နားထောင် ကြည့်လိုက်ပါဦးနော်။

AP

SHARE