ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းသစ်များ

ကေပေါ့ကို အားပေးကြတဲ့ ကေပေါ့ချစ်သူ ပရိသတ်တွေအတွက် ဒီဇင်ဘာလ နောက်ဆုံးပတ်ထဲမှာ အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းသစ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေကို နားထောင်ပြီးပြီလဲ။

NCT DREAM 엔시티 드림 ‘사랑한단 뜻이야 (Candle Light)’

ဒီသီချင်းလေးကိုတော့ NCT DREAM အဖွဲ့က သီဆိုထားတာဖြစ်ပြီး အရမ်းနားထောင်လို့ကောင်းတဲ့ တေးသွားလေးဖြစ်လို့ ကေပေါ့ ပရိသတ်တွေ အကြိုက်တွေ့ကြတဲ့ သီချင်းလေးလည်းဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ ချစ်ရတဲ့ သူအတွက်ရည်ရွယ်ပြီး သီဆိုထားတဲ့ သီချင်းလေးလည်းဖြစ်ပါတယ်။

TVXQ! 동방신기 ‘Truth’ 

ဒီသီချင်းကိုတော့ ကေပေါ့လောကရဲ့ စီနီယာအဆိုတော်ကြီးတွေဖြစ်တဲ့ TVXQ အဖွဲ့က သီဆိုထားတာဖြစ်ပါတယ်။ သီချင်းလေးကတော့ အချစ်စစ်ကို ရှာဖွေနေတဲ့အကြောင်းလေးဖြစ်ပါတယ်။

HYOLYN(효린) – Christmas Day

ဒီသီချင်းကတော့ ခရစ်စမတ်နေ့မှာ HYOLYN က သူမရဲ့ ပရိသတ်တွေအတွက် ပေးလိုက်တဲ့ ခရစ်စမတ်လက်ဆောင်လေးဖြစ်ပါတယ်။

READ
မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းခံနေရတဲ့ အမျိုးသားအနုပညာရှင်များ

JIYEON(지연) _ One day

TARA ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jiyeon က သူမရဲ့ တစ်ကိုယ် သီချင်းအသစ်လေးကို ပရိသတ်တွေအတွက် သီဆိုပေးလိုက်တာဖြစ်ပါတယ်။ အသံအေးအေးလေးနဲ့ သီချင်းလေးကို ဘယ်လို ဆွဲဆောင်မှုရှိရှိသီဆိုထားလဲဆိုတာ နားထောင်ကြည့်လိုက်ပါဦးနော်။

수영 (SOOYOUNG) _ 겨울숨 (WINTER BREATH)

ဒီသီချင်းလေးကိုတော့ SNSD အဖွဲ့ဝင် Sooyoung က သီဆိုထားတာဖြစ်ပါတယ်။ ဆောင်းဥတုနဲ့ လိုက်ဖက်တဲ့ သီချင်းပုံစံလေးဖြစ်လို့ နားထောင်ကြည့်လိုက်ပါဦးနော်။

Source: youtube

SHARE