ဧပြီလ ဒုတိယအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းကောင်းများ

ကေပေါ့ သီချင်းတွေကို နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ဧပြီလ ဒုတိယအပတ်အတွင်း ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းတွေကိုဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေကို နားထောင်ပြီးပြီလဲ။

MINHYUN (NU’EST) – Universe

အသံချိုချိုလေးပိုင်ဆိုင်ထားတဲ့ Minhyun ကတော့ ဒီသီချင်းလေးနဲ့လည်း ပရိသတ်တွေရဲ့ အချစ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။ သီချင်းနဲ့ သူရဲ့ အသံကတော့ တော်တော်လေး လိုက်ဖက်လွန်းလို့ နားထောင်လို့ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

BLACKPINK – ‘Kill This Love’

ဒီသီချင်းကတော့ လက်ရှိမှာ Youtube ပေါ်မှာလည်း Trending no 1 ဖြစ်နေတဲ့ သီချင်းဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်း သီချင်းအမိုက်စားကို အလန်းစားဖက်ရှင်တွေ၊ပြင်ဆင်မှုတွေ၊ အကတွေနဲ့ တင်ဆက်ထားတဲ့ BLACKPINK ရဲ့ သီချင်းလေးကို နားထောင်ကြည့်လိုက်ပါဦးနော်။

READ
နာမည်ကျော် ကေပေါ့အနုပညာရှင်တွေ မတ်လမှာ မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေမည်

IZ*ONE (아이즈원) – 비올레타 (Violeta)

IZ*ONE အဖွဲ့ကတော့ သီချင်းအသစ်လေးနဲ့ ပရိသတ်တွေရဲ့ ရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။  ကောင်မလေးချောချေလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ IZ*ONE အဖွဲ့ရဲ့ သီချင်းအသစ်လေးကို နားထောင်ကြည့်လိုက်ပါဦးနော်။

(BOL4) – 별 보러 갈래?

ဒီသီချင်းကတော့ ခပ်မြူးမြူးလေးနဲ့ နွေရာသီနဲ့ လိုက်ဖက်တဲ့ သီချင်းကောင်းလေးပါ။ သဘောကျနေတဲ့ ကောင်လေးကို ဖွင့်ပြောဖို့အတွက် မဝံ့မရဲဖြစ်နေတဲ့အကြောင်းလေးကို သီဆိုထားတာဖြစ်ပါတယ်။

CHEN  (Beautiful goodbye)

ဒီသီချင်းကတော့ ပရိသတ်တွေကြားမှာ မရှိတဲ့ ရည်းစားဟောင်းတောင် လွမ်းသွားစေတဲ့ သီချင်းလို့ နာမည်ကြီးတဲ့ သီချင်းလေးပါ။ Chen ရဲ့ အသံနဲ့ တော်တော်လေး လိုက်ဖက်တဲ့ သီချင်းကောင်းလေးလည်းဖြစ်ပါတယ်။

Source: Youtube

SHARE