ဒီကနေ့မှတော့ ကေပေါ့ ချစ်သူ ပရိသတ်တွေအတွက် ယခုအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်သူ့ရဲ့ သီချင်းကို အကြိုက်ဆုံးလဲ။
FANXY CHILD – ‘Y’
ဒီသီချင်းကတော့ ခပ်မိုက်မိုက် ဟစ်ဟော့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီအဖွဲ့ကိုတော့ Y, Zico, Crush, Dean, Penomeco, Millic တို့ပေါင်းပြီးဖွဲ့ထားတာဖြစ်ပါတယ်။
Rocket Punch(로켓펀치) _ BIM BAM BUM
ဒီအဖွဲ့ကတော့ အဖွဲ့သစ်လေးဖြစ်ပြီး လက်ရှိမှာတော့ အဖွဲ့သစ်တွေထဲမှာ စိတ်ဝင်စားမှု အများဆုံးရရှိနေတဲ့အဖွဲ့လေးလည်းဖြစ်ပါတယ်။ ခပ်မြူမြူသီချင်းလေးဖြစ်လို့ ကေပေါ့ ပရိသတ်တွေ သဘောကျကြမှာပါ။
IN2IT (인투잇) – Run Away
IN2IT အဖွဲကလည်း အမိုက်စား သီချင်းနဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။
다이나믹 듀오 (Dynamicduo) – ‘Blue (Feat. Crush, SOLE)
နာမည်ကျော် ကေပေါ့ duo အဖွဲ့ရဲ့ သီချင်းအသစ်ကတော့ ပရိသတ်တွေကြားမှာ လူကြိုက်များနေတဲ့ သီချင်းလေးလည်းဖြစ်ပါတယ်။
JBJ95 – 불꽃처럼 (SPARK)
JBJ95 အဖွဲ့ကတော့ သူတို့ကို စောင့်နေကြတဲ့ ပရိသတ်တွေအတွက် သီချင်းအသစ်နဲ့ ပြန်လည်ရောက်ရှိလာပြန်ပါပြီ။ နားထောင်ကြည့်လိုက်ပါဦးနော်။
10cm _ Do You Think Of Me?
သီချင်းချိုချိုအေးအေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတဲ့ 10cm ရဲ့ သီချင်းအသစ်ကိုတော့ ကေပေါ့ ပရိသတ်တွေတိုင်းကြိုက်ကြမှာပါ။
SEVENTEEN(세븐틴) – HIT
တမူထူးခြားတဲ့ music style နဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ SEVENTEEN ကတော့ ဒီတစ်ခေါက် comeback မှာလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေတာဖြစ်ပါတယ်။ သူတို့ရဲ့ သီချင်းအသစ်လေးကို နားထောင်လိုက်ပါဦးနော်။
GARY(개리) _ Purple Bikini
ပရိသတ်တွေရှေ့က အချိန်အတော်ကြာပျောက်နေခဲ့တဲ့ Gary ကတော့ သီချင်းအသစ်နဲ့ ပြန်လည်ရောက်ရှိလာပါပြီ။ နားထောင်ကြည့်လိုက်ပါဦးနော်။
Source: youtube