ဇန်နဝါရီလ ဒုတိယပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းသစ်များ

ကေပေါ့သီချင်းတွေကို နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ဇန်နဝါရီလ ဒုတိယအပတ်ထဲမှာ အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းသစ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေနားထောင်ပြီးပြီလဲ..။

ONEUS(원어스) _ Valkyrie(발키리)

ဒီအဖွဲ့ကတော့ ဒီအပတ်ထဲမှာ အသစ်ထွက်လာတဲ့ new boy group လေးဖြစ်ပါတယ်။ ဒီအဖွဲ့ကိုတော့ အဖွဲ့ဝင် ၆ယောက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဖွဲ့သစ်ဖြစ်ပေမဲ့ သီချင်းလေးကတော့ နားစွဲစေတဲ့ သီချင်းကောင်းလေးပါ။ နားထောင်ကြည့်လိုက်ပါဦးနော်။

iKON – ‘I’M OK’

ထွက်သမျှသီချင်းတိုင်း ပေါက်တဲ့အဖွဲ့လို့ ပရိသတ်တွေကြားမှာ လူသိများတဲ့ Ikon ကတော့ အသဲကွဲသီချင်းအသစ်လေးနဲ့ ပရိသတ်တွေကို တင်ဆက်လိုက်ပြန်ပါပြီ။

Apink(에이핑크) _ %%(Eung Eung(응응))

နာမည်ကျော် ထိပ်တန်း အမျိုးသမီး အဆိုရှင်အဖွဲ့ဖြစ်တဲ့ Apink အဖွဲ့ကတော့  ဆွဲဆောင်မှုရှိတဲ့  သီချင်းအသစ်လေးနဲ့ ဖမ်းစားလိုက်ပြန်ပါပြီ။

READ
ပုရိသအပေါင်း လည်ပြန်ငေးခဲ့ရတဲ့ Demi Rose ရဲ့ ပါတီပွဲတက်ဖက်ရှင်

VERIVERY – 불러줘 (Ring Ring Ring)

ခပ်မြူးမြူးသီချင်းအသစ်လေးနဲ့ ကေပေါ့အဆိုတော်တွေအဖြစ် ပွဲဦးထွက်လာတဲ့ Verivery အဖွဲ့ကလည်း သူတို့ရဲ့ သီချင်းအသစ်လေးကြောင့် ပရိသတ်တွေကြားမှာ တော်တော်လေးရေပန်းစားနေတာဖြစ်ပါတယ်။ နားထောင်ကြည့်လိုက်ပါဦးနော်။

LUNA 루나 ‘안녕 이대로 안녕 (BYE BYE)’

အသံချိုချိုအေးအေးလေးကို ပိုင်ဆိုင်ထားတဲ့ Luna ကတော့ သူမရဲ့ ဒီသီချင်းလေးနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။

source: Youtube

 

SHARE