ဖေဖေါ်ဝါရီလ ဒုတိယအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းကောင်းများ

ဒီကနေ့မှာတော့ ကေပေါ့သီချင်းတွေကို နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ဖေဖေါ်ဝါရီလဒုတိယအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေကို နားထောင်ပြီးပြီလဲ..?

KEY 키 ‘Cold (Feat. 한해)’

ဒီသီချင်းကိုတော့ SHINee အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ KEY က သီဆိုထားတာဖြစ်ပါတယ်။ ကေပေါ့ပရိသတ်တွေတိုင်း အကြိုက်တွေ့စေမယ့် သီချင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။

Hwa Sa(화사) _ TWIT

MAMAMOO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Hwa Sa ကတော့ သူမရဲ့ အမိုက်စားသီချင်းကို ပရိသတ်တွေကို ချပြလိုက်ပြီဖြစ်ပါတယ်။ နားထောင်ကြည့်လိုက်ပါဦးနော်။

[9MUSES] _ ‘Remember’

ဒီသီချင်းလေးက နားထောင်ပြီးရင် ပရိသတ်တွေတိုင်းကို ဝမ်းနည်းစေမှာအမှန်ပါ။ 9muses အဖွဲ့က သူတို့ရဲ့ အဖွဲ့မဖျက်သိမ်းခင်မှာ ပရိသတ်တွေအတွက် သီဆိုထားတာဖြစ်ပါတယ်။ 9muses အဖွဲ့ရဲ့ နောက်ဆုံးသီချင်းလေးပါ။

READ
နှစ်ယောက်အတူ ကြည်နူးပျော်ရွှင်နေတဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ ချစ်သူနှစ်ဦး

(INFINITE) “CLOCK”

ဒီသီချင်းကိုတော့ နာမည်ကျော် boy group တစ်ခုဖြစ်တဲ့ INFINITE ကသီဆိုထားတာဖြစ်ပါတယ်။ အေးအေးလေးနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းလေးဖြစ်လို့ နားထောင်ကြည့်လိုက်ပါဦးနော်။

Dreamcatcher (드림캐쳐) ‘PIRI’

အဆိုမှာသာမက အကမှာပါ ပြောစရာမလိုအောင်ကောင်းလွန်းတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Dreamcatcher ကတော့ သီချင်းအသစ်နဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပြန်ပါပြီ။ သီချင်းဗီဒီယိုလေးကလည်း ထူးထူးခြားခြားလေးရိုက်ကူးထားတာဖြစ်လို နားထောင် ကြည့်လိုက်ပါဦးနော်။

Source: Youtube

SHARE