ဇူလိုင်လ ဒုတိယအပတ်အတွင်းထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းများ

youtube

ဒီကနေ့မှာတော့ ကေပေါ့ ချစ်သူ ပရိသတ်တွေအတွက် ဒီအပတ်ထဲမှာ အသစ်ထွက်ရှိထားတဲ့ ကေပေါ့  သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေကို အကြိုက်ဆုံးလဲ။

유학소녀 (UHSN) – 팝시클 (POPSICLE)

UHSN အဖွဲ့ကတော့ ကိုရီးယားသူမဟုတ်တဲ့ နိုင်ငံခြားသူကောင်မလေးတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ အဖွဲ့သစ်ဖြစ်ပါတယ်။ သူတို့ ရဲ့ ပွဲဦးထွက်သီချင်းလေးကတော့ မြူးမြူးလေးနဲ့ တော်တော်လေးနားထောင်ကောင်းပါတယ်။ နားထောင်ကြည့်လိုက်ပါဦးနော်။

폴킴 (Paul Kim) – 헤어질 걸 알아 (Try)

ကေပေါ့လောကမှာ နာမည်ကျော် အဆိုရှင်တစ်ယောက်ဖြစ်တဲ့ Paul Kim အဆွေးသီချင်းလေးနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။

1TEAM _ ROLLING ROLLING

ဒီအဖွဲ့ကတော့ ကေပေါ့ ပရိသတ်တွေကြားမှာ အရမ်းနာမည်ကြီးတဲ့ အဖွဲ့မဟုတ်ပေမဲ့ သီချင်းတွေတော်တော်ကောင်းတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ သူတို့ရဲ့ သီချင်းအသစ်ဖြစ်တဲ့ Rolling Rolling ကိုလည်း နားထောင်ကြည့်လိုက်ပါဦးနော်။

READ
အေးချမ်းလှပတဲ့ ဂျပန်ပြည်မှာ ပျော်ပျော်ပါးပါးလည်ပတ်နေတဲ့ ဝတ်မှုန်ရွှေရည်

(ARRAN) – PUZZLE

ဒီသီချင်းကတော့ Arran ဆိုတဲ့ အဆိုတော်မလေး သီဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ နားထောင်ကြည့်လိုက်ပါဦးနော်။

BAEKHYUN 백현 ‘UN Village’

ဒီသီချင်းကတော့ EXO အဖွဲ့ဝင် Baekhyun ရဲ့ တစ်ကိုယ်တော် သီချင်းတစ်ပုဒ်ဖြစ်ပြီး ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ်။

HA SUNG WOON(하성운) _ BLUE

Sung Woon ကတော့ သီချင်းအသစ်နဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။ Blue ဆိုပေမဲ့ ခပ်မြူးမြူးလေးနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

헤이즈 (Heize) – We don’t talk together (Feat. 기리보이 (Giriboy

Heize ရဲ့ သီချင်းအသစ်လေးကိုတော့ BTS အဖွဲ့ဝင် Suga က Produce လုပ်ပေးထားတာဖြစ်ပါတယ်။

READ
ပရိသတ်တွေဆီက အချစ်တွေ တောင်းခံလိုက်တဲ့ သွန်းဆက်

Source: Youtube

SHARE