မေလ ဒုတိယ အပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းကောင်းများ

ဒီကနေ့မှာတော့ ကေပေါ့ ချစ်သူ ပရိသတ်တွေအတွက် မေလ ဒုတိယအပတ်အတွင်းထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေ နားထောင်ပြီးပြီလဲ။

OH MY GIRL(오마이걸) _ The fifth season

အမြဲတမ်း သီချင်းချိုချိုလေးတွေနဲ့ Comeback လာလေ့ရှိတဲ့ Oh My Girl အဖွဲ့ကတော့ ဒီတစ်ခေါက်မှာလည်း သီချင်းကောင်းလေးတစ်ပုဒ်နဲ့ ပြန်လာပါပြီ။ သီချင်းဗီဒီယိုလေးကလည်း တော်တော်လေး ကြည့်လို့ကောင်းတာမို့လို့ နားထောင်ကြည့်လိုက်ပါဦးနော်။

HENRY(헨리) _ Untitled Love Song(제목 없는 Love Song)

ဒီသီချင်းကတော့ Henry သီဆိုထားတဲ့ သီချင်းလေးပါ။ သူရဲ့ ခံစားချက်တွေကို ချပြသီဆိုထားတာဖြစ်လို့ သီချင်းနာမည်လေးကတော့ Untitle Love Song(ခေါင်းစဉ်မရှိတဲ့ အချစ်သီချင်း) ဖြစ်ပါတယ်။

READ
မြန်မာဆန်ဆန်လေးလေးနဲ့ လှနေတဲ့ စုလှိုင်ဝင်း

XIUMIN 시우민 ‘이유 (You)’

ဒီသီချင်းလေးကတော့ EXO အဖွဲ့ဝင် Xiumin က သူစစ်ထဲမဝင်ခင်မှာ ပရိသတ်တွေကို လက်ဆောင်ပေးခဲ့တဲ့ သီချင်းလေးပါ။

Linzy(린지) _ Season in the sun (Love each other)

ဒီသီချင်းကိုတော့ အဆိုတော်Linzy ကသီဆိုထားတာဖြစ်ပြီး အချင်းချင်း ချစ်ခြင်းမေတ္တာတွေနဲ့ နေထိုင်ကြရအောင်လို့ အသိပေးထားတဲ့ သီချင်းလေးပါ။ ချစ်စရာကောင်းပြီး တော်တော်လေးနားထောင်လို့ကောင်းပါတယ်။

Eric Nam – ‘Runaway’

ဒီအပတ်ထွက်သမျှသီချင်းတွေထဲတော့ ဒီသီချင်းကို အကြိုက်ဆုံးပါ။ သီချင်းလေးကတော့ ချစ်သူရှိတဲ့အရပ်ဆီကိုပဲ ထွက်ပြေးလွတ်မြောက်ချင်တယ်လို့ ပြောထားတာဖြစ်ပါတယ်။ တေးသွားလေးကလည်း တော်တော်မိုက်လို့ နားထောင်ကြည့်လိုက်ပါဦးနော်။

Park Hyo Shin(박효신) _ Goodbye

နာမည်ကျော် အဆိုတော် Park Hyo Shin ကတော့ ထွက်ခါစအချိန်တုန်းက ကိုရီးယား music chart တွေမှာ နံပါတ် ၁တွေပဲ ချိတ်ခဲ့တာဖြစ်ပြီး Melon chart မှာလည်း အခုအချိန်အထိ နံပါတ် ၂နေရာမှာ ရှိနေဆဲဖြစ်ပါတယ်။

READ
အိန္ဒိယရွာတစ်ရွာကို တိတ်တဆိတ် ငွေကြေးထောက်ပံ့ပေးနေတဲ့ Nicki Minaj

SOurce: youtube

SHARE