နိုဝင်ဘာလ တတိယအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းကောင်းများ

youtube

ဒီနေ့မှာတော့ ယခုအပတ်ထဲမှာ အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းအသစ်တွေထဲက အကောင်းဆုံး သီချင်းတွေကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။ ကေပေါ့ ပရိသတ်တွေရော ဘယ်သီချင်းတွေကို အကြိုက်ဆုံးလဲ။

Rainbow(레인보우) _ Aurora

ဒီသီချင်းလေးကိုတော့ Rainbow အဖွဲ့က သူတို့အဖွဲ့ ဆယ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

마마무(MAMAMOO) – HIP

အမြဲဆန်းသစ်တဲ့ သီချင်းအသစ်တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ MAMAMOO ရဲ့ သီချင်းအသစ်ကိုလည်း နားထောင်ကြည့်လိုက်ပါဦးနော်။

ELRIS(엘리스) _ Miss U

ဒီသီချင်းလေးကတော့ အေးအေးလေးနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းလေးပါ။အိမ်ပြန်ချိန် ကားပေါ်မှာ နားထောင်လို့ကောင်းတဲ့ သီချင်းပုံစံလေးပါ။

punchnello(펀치넬로) _ doodle(낙서) (Feat. Yerin Baek

ဒီသီချင်းကတော့ ကေပေါ့ပရိသတ်တွေတိုင်း အကြိုက်တွေ့မယ့် သီချင်းပုံစံလေးပါ။

READ
ကြည့်ရှုသူ (80K Views) အထိရှိသွားတဲ့ အူဝဲနဲ့ပြေတီဦးရဲ့ Live ဗီဒီယို

Seven O’clock(세븐어클락) _ Midnight Sun

ခပ်မြူးမြူးသီချင်းလေးဖြစ်လို့ ပရိသတ်တွေတိုင်း အကြိုက်တွေ့စေမယ့် သီချင်းကောင်းလေးပါ။

Stray Kids(스트레이 키즈) “Astronaut”

ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းကမှ အဖွဲ့ဝင်တစ်ယောက် နှုတ်ထွက်သွားခဲ့တဲ့ Stray Kids အဖွဲ့ကတော့ Astronaut ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။

April

SHARE