နိုဝင်ဘာလ ပထမအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းများ

youtube

ဒီကနေ့မှာတော့ ကေပေါ့ ချစ်သူ ပရိသတ်တွေအတွက် ယခုအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေကို နားထောင်ပြီးပြီလဲ။

THE BOYZ(더보이즈) _ TATTOO

ဒီအဖွဲ့ကတော့ အမြဲအမိုက်စားသီချင်းတွေနဲ့ အကတွေကို ဖန်တီးတင်ဆက်လေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတာဖြစ်ပါတယ်။ သူတို့ရဲ့ သီချင်းသစ်လေးကိုလည်း နားထောင်လိုက်ပါဦးနော် ပရိသတ်ကြီးရေ။

Noel(노을) _ Late Night

ဒီသီချင်းကတော့ မိုးအေးအေးလေးနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းမျိုးပါ။ နားဆင်ကြည့်လိုက်ပါဦးနော်။

ELO (엘로), 페노메코 (PENOMECO) – ‘LOVE? (Feat. GRAY)

Music Genius တွေလို့ဆိုလို့ရတဲ့ အနုပညာရှင်တွေ အတူဖန်တီးထားတဲ့ သီချင်းလေးဖြစ်တာကြောင့် အခုပဲ နားထောင်ကြည့်လိုက်တော့နော်။

Amber Liu – Other People

Amber ကတော့ သီချင်းအမိုက်စားတင်သာမက အမိုက်စား သီချင်းဗီဒီယိုနဲ့ပါ ပရိသတ်တွေကို ဖမ်းစားလိုက်ပါပြီ။

READ
PR လေ့လာနေသူတွေ၊PR သမားတွေ မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကား(၅)ကား

현아 (HyunA) – ‘FLOWER SHOWER’

Hyuna ကတော့ သူမရဲ့ ပရိသတ်တွေရှေ့ကို သီချင်းအသစ်နဲ့ ပြန်လည်ရောက်ရှိလာပါပြီ။

DAWN (던) – ‘MONEY’

Hyuna ရဲ့ ချစ်သူကောင်လေးဖြစ်တဲ့ Dawn ကလည်း Hyuna နဲ့အတူ တစ်ချိန်တည်းမှာပဲ သီချင်းအသစ်ထုတ်ခဲ့ပါတယ်။

LEE JIN HYUK (이진혁) ‘I Like That’

Produce X 101 ပြိုင်ပွဲပြီးတဲ့နောက်မှာတော့ Lee Jin Hyuk က သူရဲ့ ပထမဆုံး တစ်ကိုယ်သီချင်းအသစ်ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

 

SHARE