နိုဝင်ဘာလ တတိယပတ်အတွင်း ထွက်ရှိထားတဲ့ ကေပေါ့သီချင်းသစ်များ

ကေပေါ့သီချင်းတွေကို နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် နိုဝင်ဘာလ တတိယအပတ်ထဲမှာ အသစ် ထွက်ရှိထားတဲ့ ကေပေါ့သီချင်းကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေကို နားထောင်ပြီးပြီလဲ …။ ဘယ်သီချင်းတွေကို အကြိုက်ဆုံးလဲ။

Wanna One (워너원) – ‘봄바람 (Spring Breeze)

Spring Breeze သီချင်းကတော့ Wanna One အဖွဲ့ရဲ့ နောက်ဆုံး comeback သီချင်းလေးဖြစ်ပါတယ်။ Wanna One အဖွဲ့ကတော့ လာမယ့် ဇန်နဝါရီလမှာ အဖွဲ့ကို ဖျက်သိမ်းတော့မှာဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ သူတို့ရဲ့ ပရိသတ်တွေကို နောက်တစ်ကြိမ်ထပ်ပြီး တွေ့ကြရအောင်လို့ ပြောထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

NCT 127 엔시티 127 ‘Simon Says’

ဒီသီချင်းကိုတော့ NCT 127 အဖွဲ့က သီဆိုထားတာဖြစ်ပြီး ခပ်မြူးမြူး သီချင်းပုံစံလေးနဲ့ အမိုက်စား ကကွက်တွေကတော့ ပရိသတ်တွေကို အကြိုက်တွေ့စေမှာပါ။

READ
Selena Gomezရဲ့ Instagram အဟက်ခံရပြီး Justin Bieber ရဲ့ အပေါ်ပိုင်းဗလာပုံများတက်လာခဲ့

CHIYEUL HWANG(황치열) – Learn to love

ဒီသီချင်းကိုတော့ Chiyeul Hwang ကသီဆိုထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ ဒီရာသီဥတုအခြေအနေနဲ့ လိုက်ဖက်ညီတဲ့ သီချင်းပုံစံလေးပါ။သီချင်းရဲ့ အဓိကအကြောင်းအရာလေးကတော့ ချစ်ရတဲ့ ကောင်မလေးအကြောင်းကို သီဆိုထားတာဖြစ်ပါတယ်။

Sam Kim(샘김) _ It’s You (Feat.ZICO)

ဒီသီချင်းကိုတော့ Sam Kim သီဆိုထားတာဖြစ်ပြီး ဒီသီချင်းလေးကတော့ သဘောကျရတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းမကျ ချစ်သူမကျ အခြေအနေရောက်နေတဲ့အကြောင်းလေးဖြစ်ပါတယ်။

Celeb Five(셀럽파이브) _ Shutter(셔터) (Feat. Duck Hwa Lee(이덕화)

ဒီအဖွဲ့ကတော့ ကောင်မလေးငယ်ငယ် ချောချောလေးတွေနဲ့ ဖွဲ့စည်းထားတာမဟုတ်ပါဘူး။ သူတို့ကတော့ ချစ်စရာကောင်းတဲ့ အမူအရာတွေလည်း မလုပ်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ ခပ်ဆန်းဆန်းပုံရိပ်တွေ တမူထူးတဲ့ သီချင်းစတိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ ၈၀ ရာစု Disco သီချင်းစတိုင်လေးဖြစ်ပါတယ်။

READ
တားမြစ်ထားတဲ့ စည်းကမ်းတွေကြား လက်တစ်လုံးခြား လှုပ်ရှားကြသူများ

Source: Youtube

SHARE