အောက်တိုဘာလ ဒုတိယအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းကောင်များ

youtube

ဒီကနေ့မှာတော့ ယခုအပတ်ထဲမှာ အသစ်ထွက်ရှိလာတဲ့ ကေပေါ့သီချင်းတွေထဲက ပရိသတ်တွေတိုင်းကြိုက်နှစ်သက်ကြမယ့် ကေပေါ့ သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေကို နားထောင်ပြီးပြီလဲ….။

NELL(넬) ‘오분 뒤에 봐’

ခပ်ဆွေးဆွေးသီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ Nell ကတော့ အဆွေးဓါတ်ခံရှိတဲ့ ပရိသတ်တွေအတွက် သီချင်းလေးတစ်ပုဒ်ကို ထုတ်ပေးလိုက်ပြန်ပါပြီ။

LADIES’ CODE(레이디스 코드) – SET ME FREE

အဖွဲ့ဝင် ၃ယောက်နဲ့ ရှေ့ဆက်ေ်နတဲ့ ဒီအဖွဲ့လေးကတော့ ခက်မြူးမြူးသီချင်းလေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။

Stray Kids “Double Knot”

ဒီအဖွဲ့ကတော့ အမိုက်စားအကတွေနဲ့ ခပ်ကြမ်းကြမ်းအကတွေကြောင့် နောက်ပိုင်းထွက်လာတဲ့အဖွဲ့တွေထဲမှာ နာမည်ကျော်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

Kei (김지연) _ I Go

ချစ်စရာကောင်းတဲ့ မျက်နာလေးကို ပိုင်ဆိုင်ထားတဲ့အပြင် အသံချိချိုလေးနဲ့ပါ ပရိသတ်တွေကို ဖမ်းစားတတ်တဲ့ Kei ကတော့ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော် သီချင်းလေးကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

READ
သူ့ဘ၀ရဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်ကြီးကို ရဲရဲဝံ့ဝံ့ဖွင့်ပြောလိုက်တဲ့ Dee Dee

 

AB6IX (에이비식스) ‘BLIND FOR LOVE’

ဒီသီချင်းကတော့ အဖွဲ့ဝင်ကိုယ်တိုင်ပါဝင်ရေးထားတာဖြစ်ပြီး ကေပေါ့ပရိသတ်တွေ နှစ်သက်ကြမယ့် ခပ်မြူးမြူးသီချင်းပုံစံလေးပါ။

Paul Kim(폴킴) _ empty

ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ သီချင်းပုံစံအမျိုးအစားလေးဖြစ်လို့ နားထောင်ကြည့်လိုက်ပါဦးနော်။

SUPER JUNIOR 슈퍼주니어 ‘I Think I’

ကေပေါ့လောကကို ဦးဆောင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ SJ ကတော့ သီချင်းအသစ်နဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။

AP

SHARE