ယခုအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းကောင်းများ

youtube

ဒီကနေ့မှာတော့ ကေပေါ့ချစ်သူ ပရိသတ်တွေအတွက် အောက်တိုဘာလနောက်ဆုံးအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ဒီအပတ်မှာလည်း အလွမ်းအဆွေး၊ ဟစ်ဟော့၊ ပေါ့(ပ်) သီချင်းအမျိုးအစားတွေတော်တော်စုံပါတယ်။ ဘယ်သူ့ရဲ့ သီချင်းအသစ်ကို အကြိုက်ဆုံးလဲ။

ARIAZ (아리아즈) – 까만 밤의 아리아 (Moonlight Aria)

ဒီအဖွဲ့ကတော့ အဖွဲ့အသစ်လေးဖြစ်ပြီး သူတို့ရဲ့ အသံချိုချိုလေးတွေကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို ရရှိနေတာဖြစ်ပါတယ်။

WINNER – ‘SOSO’

ဒီသီချင်းကတော့ လမ်းခွဲပြီးတဲ့နောက်မှာလည်း ကြုံရတဲ့ခံစားချက်တွေကို ထိထိမိမိဆိုပြထားတာဖြစ်ပါတယ်။ Winner အဖွဲ့ရဲ့ သီချင်းတွေကတော့ အမြဲမိုက်နေတာပါပဲ။ နားထောင်ကြည့်လိုက်ပါဦးနော်။

MONSTA X(몬스타엑스) _ FIND YOU

စိတ်ဝင်စားစရာကောင်းတဲ့ MTV ကတော့ သီချင်းကိုပိုပြီးတော့ ကြွသွားစေပြီး သီချင်းနဲ့ MonstaX အဖွဲ့ဝင်တွေရဲ့ သရုပ်ဆောင်မှုတွေကြောင့် ကိုယ်ပါ လိုက်ငိုမိမယ်ဆိုတာ အမှန်ပါပဲ။

READ
အမိုက်စား ဘော်ဒီကောက်ကြောင်းအလှကို ပြသလိုက်တဲ့ ဆုလှိုင်ဝင်း

YOUNGJAE(영재) _ Forever Love

B.A.P ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Youngjae ကတော့ သူ့ရဲ့ တစ်ကိုယ်တော်သီချင်းနဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။

DAY6 “Sweet Chaos”

အမျိုးသား ကေပေါ့ band တစ်ခုဖြစ်တဲ့ Day6 ကတော့ ရော်ခ်ချိုချိုသီချင်းလေးနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။

NU’EST – LOVE ME

ဒီသီချင်းကတော့ ခပ်မြူးမြူးလေးဖြစ်တာကြောင့် ကေပေါ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် သီချင်းလေးပါ။

TXT (투모로우바이투게더) Run Away

ဒီသီချင်းကတော့ အရမ်းပင်ပန်းပြီး နေရတာ မပျော်တော့တဲ့အခါ မှော်ဆန်တဲ့နေရာကို အတူထွက်ပြေးကြမလားလို့ မေးထားတာဖြစ်ပါတယ်။ နားထောင်ကြည့်လိုက်ပါဦးနော်။

AP

SHARE