ယခုအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းများ

youtube

ကေပေါ့ သီချင်းတွေကို နှစ်ခြိုက်ကြတဲ့ ပရိသတ်တွေအတွက် ယခုအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

1THE9(원더나인) _ Blah

ဒီအဖွဲ့အသစ်ကတော့ သူတို့ရဲ့ အမိုက်စား သီချင်းတွေကြောင့် ပရိသတ်တွေကြားမှာ တဖြည်းဖြည်းနာမည်ရလာတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့ရဲ့ သီချင်းအသစ်လေးကိုလလည်း နားထောင်လိုက်ပါဦးနော်။

N.Flying (엔플라잉) – 굿밤 (GOOD BAM)

ဒီသီချင်းကတော့ နားထောင်လိုက်တာနဲ့ စိတ်ထဲမှာ လန်းဆန်းတက်ကြွသွားစေမယ့် သီချင်းပုံစံလေးပါ။ နားထောင်ကြည့်လိုက်ပါဦးနော်။

헤이즈 (Heize) – 떨어지는 낙엽까지도

တောင်ကိုရီးယားရဲ့ ထိပ်တန်း အမျိုးသမီးအဆိုတော်ဖြစ်တဲ့ သူမကတော့ အလွမ်းဓါတ်ခံရှိတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ သီချင်းအသစ်လေးကို လက်ဆောင်ပေးလိုက်ပါပြီ။

Sondia – First Love

ဒီသီချင်းကတော့ လတ်တလောမှာ ပြသနေဆဲ ဇာတ်လမ်းတွဲဖြစ်တဲ့ Extraordinary You ရဲ့ ဇာတ်ဝင်တေးသီချင်းလေးဖြစ်ပါတယ်။

READ
ကိုယ့်ကိုယ်ကို မလှဘူး ထင်နေသူလေးတွေ နားထောင်သင့်တဲ့ သီချင်းကောင်းများ

AP

SHARE