အောက်တိုဘာလ ပထမအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းကောင်းများ

youtube

ကေပေါ့သီချင်းတွေကို နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ယခုအပတ်အတွင်းမှာ အသစ်ထွက်ရှိထားတဲ့ကေပေါ့ သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေ အကြိုက်ဆုံးလဲ။

SuperM 슈퍼엠 ‘Jopping’

ဒီသီချင်းကတော့ SM Entertainment ရဲ့ နာမည်ကျော် အဖွဲ့တွေက အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး Marvel နဲ့လည်း ပူးပေါင်းပြီး အနုပညာလှုပ်ရှားမှုတွေပြုလုပ်တော့မှာဖြစ်ပါတယ်။ သူတို့ရဲ့ အမိုက်စား သီချင်းအသစ်ကိုလည်း နားထောင်ကြည့်လိုက်ပါဦး။

RICH BRIAN & CHUNG HA – THESE NIGHTS

ဒီသီချင်းကတော့ ခပ်မြူမြူးလေးနဲ့ ပါတီတွေမှာဖွင့်လို့ကောင်းမယ့် သီချင်းပုံစံမျိုးလေးပါ။

JEONG SEWOON(정세운) _ When it rains

အသံချိုချိုလေးနဲ့ သီဆိုတတ်တဲ့ Sewoon ကတော့ ခပ်ဆွေးဆွေးလေး သီချင်းလေးနဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။

READ
(၂၀၁၇)မှာ ချစ်ရသူနဲ့ ရွှေလက်တွဲခဲ့ကြတဲ့ မြန်မာဆယ်လီများ

지코 (ZICO) – 극 (Extreme)

အမိုက်စား သီချင်းတွေကို ကိုယ်တိုင်ရေးပြီး produce လုပ်လေ့ရှိတဲ့ Zico ကတော့ သူ့ရဲ့ သီချင်းအသစ်ကို ပရိသတ်တွေကို ချပြလိုက်ပါပြီ။

CHEN 첸 ‘우리 어떻게 할까요 (Shall we?)

Chen ရဲ့ ဒီသီချင်းအသစ်လေးကတော့ ဆောင်းရာသီနဲ့ အရမ်းကို လိုက်ဖက်တဲ့ သီချင်းအေးအေးလေးပါ။

Hoody (후디) – ‘MIRO’

AOMG ရဲ့တစ်ဦးတည်းသော အမျိုးသမီးအဆိုတော်ဖြစ်တဲ့ Hoody ကတော့ သူမရဲ့ သီချင်းအသစ်လေးနဲ့လည်း ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။

 AP

SHARE