ဖေဖေါ်ဝါရီလ ဒုတိယအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းကောင်းများ

ကေပေါ့သီချင်းတွေကို နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ဖေဖေါ်ဝါရီလ ဒုတိယအပတ်အတွင်းမှာ အသစ်ထွက်ရှိထားတဲ့ သီချင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေ နားထောင်ပြီးပြီလဲ။

온앤오프 (ONF) – 사랑하게 될 거야 (We Must Love)

ဒီသီချင်းလေးကတော့ ONF အဖွဲ့က သီဆိုထားတဲ့ သီချင်းလေးဖြစ်ပြီး ခပ်မြူးမြူးလေးနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းလေးဖြစ်ပါတယ်။ သီချင်းဗီဒီယိုလေးကလည်း အမိုက်စားလေးဖြစ်လို့ ကြည့်လိုက်ပါဦးနော်။

박우진 (PARK WOO JIN) & 이대휘 (LEE DAE HWI) – Candle

ဒီသီချင်းကတော့ အရင်အပတ်က ထွက်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပြီး ဒီအပတ်မှာတော့ liveသီဆိုထားတဲ့ သီချင်းဗီဒီယိုလေးထွက်လာခဲ့တာဖြစ်ပါတယ်။ နားထောင်ကြည့်လိုက်ပါဦးနော်။

Loco(로꼬) _ It’s been a while(오랜만이야) (Feat. Zion.T)

နာမည်ကျော် ရက်ပ်ပါတစ်ယောက်ဖြစ်တဲ့ Loco က သီဆိုထားတာဖြစ်ပြီး ဒီသီချင်းကတော့ သူ့ကို သီချင်းဆိုဖို့အတွက် ခွန်အားပေးခဲ့ပြီး အခုအချိန်အထိ သူရဲ့ အနားမှာ ရှိနေတဲ့သူရဲ့အကြောင်းကို သီဆိုထားတာဖြစ်ပါတယ်။

READ
သူ့နေရာနဲ့သူဝတ်စားတတ်သူတစ်ယောက်လို့ ပရိသတ်တွေရဲ့ ချီးကျူးခံနေရတဲ့ သင်ဇာဝင့်ကျော်

CHEN(첸) _ Make it count (Touch your heart(진심이 닿다)

ဇာတ်လမ်းတွဲအသစ်လေးဖြစ်တဲ့ Touch Your Heart ဇာတ်ကားထဲက ဇာတ်ဝင်တေးလေးပါ။ EXO အဖွဲ့ဝင် Chen က သီဆိုပေးထားတာဖြစ်ပါတယ်။

Source: Youtube

SHARE