စက်တင်ဘာလ ပထမအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းများ

youtube

ဒီကနေ့မှာတော့ ကေပေါ့သီချင်းတွေကို နှစ်ခြိုက်ကြတဲ့ ပရိသတ်တွေအတွက် ကေပေါ့ သီချင်းကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။  ဘယ်သီချင်းကို အကြိုက်ဆုံးလဲ။

KIM JAE HWAN(김재환), Stella Jang(스텔라장) _ Vacance in September 3

ဒီသီချင်းကတော့ Playlist Global ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေးလေးဖြစ်ပါတယ်။ နောက်အပတ်ထဲမှာ ရန်ကုန်ကို လာမယ့် Kim Jae Hwanနဲ့ Stella Jang တို့က အတူသီဆိုထားတာဖြစ်ပါတယ်။ သီချင်းဗီဒီယိုလေးကလည်း ချစ်စရာကောင်းလို့ ကြည့်ကြည့်လိုက်ပါဦးနော်။

Kassy(케이시) _ Story of night fall

ဒီသီချင်းကတော့ ထွက်သွားပြီဖြစ်တဲ့ ချစ်သူကို လွမ်းဆွတ်နေတဲ့အကြောင်းကို သီဆိုထားတာဖြစ်ပါတယ်။ မိုးရာသီနဲ့ လိုက်ဖက်တဲ့ သီချင်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။

Whee In(휘인) _ Good bye(헤어지자)

ဒီသီချင်းကတော့ Mamamoo အဖွဲ့ဝင် Wheein ကဆိုထားတာဖြစ်ပါတယ်။ လမ်းခွဲလိုက်တဲ့ အချစ်ရေးအကြောင်းကို သီဆိုထားတဲ့ အလွမ်းသီချင်းလေးဖြစ်ပါတယ်။

READ
ဆွဲဆောင်မှုရှိလွန်းတဲ့ အမိုက်စားဘော်ဒီကောက်ကြောင်းအလှကို ပြသလိုက်တဲ့ ဘေဘီမောင်

MIND U(마인드유) _ I tried

ဒီသီချင်းကတော့ လမ်းခွဲလိုက်တဲ့ ချစ်သူကို သံယောဇဉ်မပြတ်သေးဖြစ်နေတဲ့ အကြောင်း ဆိုထားတာဖြစ်ပါတယ်။ သီချင်းလေးကတော့ ခပ်အေးအေးလေးနဲ့ လတ်လတ်ဆတ်ဆတ် လမ်းခွဲထားတဲ့သူတွေနဲ့ ခံစားချက်တော်တော်လေးတိုက်ဆိုင်မယ့် သီချင်းမျိုးပါ။

이협, 황윤성, 주창욱, 김동윤, 김민서, 이성준 _ 1M1S

ဒီသီချင်းကတော့ Woollim Entertainment ရဲ့ Trainee လေးတွေရဲ့ ပွဲဦးထွက်သီချင်းလေးဖြစ်ပါတယ်။

AP

SHARE