ဒီကနေ့မှာတော့ ကေပေါ့သီချင်းတွေကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဇန်နဝါရီလ နောက်ဆုံးအပတ်ထဲမှာ အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေ နားထောင်ပြီးပြီလဲ ပရိသတ်ကြီးရေ။
CLC(씨엘씨) – ‘No’
CLC အဖွဲ့ကတော့ NO ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေရဲ့ ရှေ့ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ အမိုက်စားသီချင်းတစ်ပုဒ်ဖြစ်ပြီး သီချင်းဗီဒီယိုထဲက ရိုက်ကူးမှုတွေကလည်း အရမ်းကို မိုက်လွန်းပါတယ်။နားထောင်ကြည့်လိုက်ပါဦးနော်။
로시 (Rothy) – ‘다 핀 꽃’
ကေပေါ့အဆိုတော်တွေမှာတော့ တစ်ကိုယ်အမျိုးသမီးအဆိုရှင်တွေကို တွေ့ရခဲပါတယ်။ Rothy ကတော့ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရထားတဲ့ တက်သစ်စ အဆိုတော်တစ်ဦးဖြစ်ပြီး အေးမြတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့သူပါ။ သီချင်းလေးကို နားထောင်ကြည့်လိုက်ပါဦးနော်။
DICKPUNKS – ‘Special’
ဒီသီချင်းလေးကတော့ သီချင်းလေးက ချစ်စရာကောင်းတဲ့အပြင် သီချင်းဗီဒီယိုလေးကလည်း ချစ်စရာလေးပါ။ နားထောင်ကြည့်လိုက်ပါဦးနော်။ DICKPUNKS ဆိုတဲ့ boyband ကသီဆိုထားတာဖြစ်ပါတယ်။
MINSEO(민서) _ 2cm (Feat. Paul Kim(폴킴))
အသံချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်နှစ်ယောက်တွဲဖက်ပြီး သီဆိုထားတဲ့ သီချင်းဖြစ်လို့ ကေပေါ့ပရိသတ်တွေ အကြိုက်တွေ့စေမယ့် သီချင်းလေးတွေပါ။
Source: youtube