မတ်လ ဒုတိယအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းများ

ကေပေါ့ သီချင်းတွေကို နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် မတ်လ ဒုတိယပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းသစ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်သီချင်းတွေကို နားထောင်ပြီးပြီလဲ။

Kim MinSeok(김민석) _ Spring Comes

ဒီသီချင်းကတော ချစ်သူကြောင့် ဆောင်းရာသီဆိုတာ နွေဦးလိုမျိုး နွေးထွေးခဲ့တယ်ဆိုပြီးတော့ သီဆိုထားတာဖြစ်ပါတယ်။ သီချင်းဆိုသူရဲ့ အသံနဲ့ သီချင်းကလည်း တော်တော်လေး လိုက်ဖက်တာကြောင့် နားထောင်လို့ ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

S.I.S(에스아이에스) – 너의 소녀가 되어줄게(Always Be Your Girl)

ဒီသီချင်းကတော့ ကောင်မလေး ၆ယောက်နဲ့ ဖွဲ့စည်းထားတဲ့ S.I.S အဖွဲ့က သီဆိုထားတာဖြစ်ပါတယ်။ ခပ်မြူးမြူး သီချင်းလေးဖြစ်လို့ နားထောင်ကြည့်လိုက်ပါဦးနော်။

R.Tee x Anda – ‘뭘 기다리고 있어(What You Waiting For)’

ဒီသီချင်းကတော့ EDM တေးဂီတကို နှစ်သက်သူတွေ အကြိုက်တွေ့စေမယ့် သီချင်းပုံစံလေးပါ။ နားထောင်ကြည့်လိုက်ပါဦးနော်။

READ
လယ်သမားတွေရဲ့ အကြွေးကို စိုက်ဆပ်ပေးလိုက်တဲ့ Amitabh Bachchan

TXT (투모로우바이투게더) ‘어느날 머리에서 뿔이 자랐다 (CROWN)’

နာမည်ကျော် BTS အဖွဲ့ရဲ့ အေဂျင်စီကနေ အသစ်ထပ်ထုတ်လိုက် အဖွဲ့ဖြစ်တဲ့ TXT ကတော့ သူတို့ရဲ့ ပထမဆုံး သီချင်း Crown နဲ့ အောင်မြင်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။ နားထောင်ကြည့်လိုက်ပါဦးနော်။

SUNMI(선미) _ 누아르(Noir)

ဒီသီချင်းကတော့ ခပ်ဆန်းဆန်း သီချင်းပုံစံလေးနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းလေးဖြစ်ပါတယ်။ သီချင်းဗီဒီယိုလေးကလည်း ထူးထူးခြားခြားလေးဖြစ်လို့ နားထောင်ကြည့်လိုက်ပါဦးနော်။

Source: Youtube

SHARE