မြေးဖြစ်သူ Kylie Jenner ရဲ့ ၁ နှစ်အရွယ်သမီးလေးကို အိမ်တစ်လုံးပေးခဲ့တဲ့ KIris Jenner

[email protected]

Kris Jenner မှ အစပြုခဲ့တဲ့ Kardashian မိသားစုတွေကတော့ ဟောလိဝုဒ်မှာတင်မကဘဲ တစ်ကမ္ဘာလုံးမှာပါ တကယ့်ကို celebrity တွေပါပဲ။ ဒီဇင်ဘာ(၂၃)ရက်နေ့တုန်းကပဲ Kris Jenner ရဲ့ အငယ်ဆုံးသမီးလေး Kylie Jenner ရဲ့ YouTube channel မှာ ဗီဒိယိုတစ်ခု တက်လာခဲ့ပါတယ်။

[email protected]

ဗီဒီယိုကတော့ Kylie အနေနဲ့ ဒီနှစ်ဖို့ ဒီနှစ်ခရစ်စမတ်အတွက် အိမ်တွင်းပြင်ဆင်မှုတွေကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗီဒီယို တစ်ဝက်လောက်မရောက်ခင်မှာပဲ စိတ်ဝင်စားစရာ အကြောင်းလေး စလာခဲ့ပါတယ်။ အဲဒါကတော့ Kris Jenner ရဲ့သမီးလေး Stormi ကို Kris Jenner ကနေပြီး အိမ်လက်ဆောင်ပေးခဲ့ ပါသတဲ့လေ။

YouTube- Kylie Jenner
YouTube- Kylie Jenner
YouTube- Kylie Jenner

Kylie ရဲ့သမီးဆိုတော့ Kris Jenner အတွက်က မြေးမလေးပေါ့။ အငယ်ဆုံးမြေးမလေးဖို့ဆိုပြီး ခရစ်စမတ်လက်ဆောင်အဖြစ် အဖွား Kris Jenner ဟာ အိမ်လေးကို တိတ်တိတ်ပုန်းဆောက်နေခဲ့တာပဲဖြစ်ပါတယ်။ မနေ့ကမှ Kylie တို့ ခြံဝင်းထဲကို Stormi ရဲ့ အိမ်လေးကို Kylie တို့မသိအောင်ရွှေ့ထားခဲ့တာပဲဖြစ်ပါတယ်။

READ
ပေါင် 7သန်းတန် 70 ကာရက်စိန်လက်စွပ်ကို ပြသခဲ့တဲ့ ရုရှသန်းကြွယ်ရဲ့ဇနီး
[email protected]
[email protected]

အိမ်လေးဟာ Stormi လေး ဆော့ဖို့အတွက် သီးသန့်အိမ်လေးဖြစ်ပြီး အထဲမှာတော့ ချစ်စရာပန်းရောင်အမွှေးပွကော်ဇောလေးတွေကစလို့ ခုတင်လေးတွေ၊ စားပွဲ၊ မှန်တင်ခုံ၊ မီးဖိုချောင်အတုလေး၊ ထပ်ခိုး၊ ဝရံတာ၊ လူခေါ်ခေါင်းလောင်းစတာလေးတွေအစ အသေးစိတ် စီစဉ်ထားခဲ့တာပါ။ Kylie ငယ်ငယ်တုန်းကလည်း Kris Jenner ကနေပြီးအခုလိုအိမ်သေးသေးလေးတစ်လုံး ဆောက်ပေးခဲ့ဖူးပါသေးတယ်တဲ့လေ။ Kylie အတွက်တော့ အမှတ်တရပဲပေါ့။

YouTube- Kylie Jenner
YouTube- Kylie Jenner
YouTube- Kylie Jenner

၁ နှစ်ကျော်ကျော်သာရှိသေးတဲ့ Stormi လေးကတော့ ကမ္ဘာ့ကံအကောင်းဆုံးကလေးတွေထဲက တစ်ယောက်ပါပဲလေ။

Penny

SHARE