ဒိုးနတ်(၁၂)ခုစားပြီး (၅)မိုင်လောက်ပြေးရမယ့် Krispy Kreme Challenge အပြေးပြိုင်ပွဲ

Krispy Kreme Challenge

အပြေးပြိုင်ပွဲတော်တော်များများကိုတော့ လူအများစုပြိုင်ဖူးကြမယ် ထင်ပါတယ်။ ဒီလိုအပြေးပြိုင်ပွဲတော်တော်များများဟာ များသောအားဖြင့် ပြေးလမ်းတောက်လျှောက်မှာ ပြိုင်ပွဲဝင်သူတွေ မောရင်သောက်ဖို့ ရေသန့်ဘူးတွေထားရှိတတ်ပါတယ်။ ဒါပေမယ့် ဒီအပြေးပြိုင်ပွဲမှာတော့ လမ်းတစ်လျှောက်လုံး Krispy Kreme ဒိုးနပ်တွေကိုသာ စားပြီး အပြေးပြိုင်ရမှာ ဖြစ်ကြောင်း Lad Bible သတင်းဌာရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Instagram/Krispy Kreme Challenge

ဒီပြိုင်ပွဲကိုတော့ အဓိက ဦးဆောင်ကြီးမှူးကျင်းပတာကတော့ Krispy Kreme ကုမ္ပဏီကပဲ ဖြစ်ပါတယ်။ ဒီအပြေးပြိုင်ပွဲဟာ ပရဟိတပွဲသက်သက်ဖြစ်ပြီးတော့ ယှဉ်ပြိုင်သူတွေဟာ ၅ မိုင် ပြေးလမ်းကို ၁ နာရီအတွင်း အရောက်ပြေးရမှာဖြစ်ပြီး ပြေးနေရင်းနဲ့လည်း စုစုပေါင်း ဒိုးနတ်မုန့် ၁၂ ခုစားပြီးမှသာ ပန်းဝင်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Krispy Kreme ဝက်ဘ်ဆိုက်မှာတော့ “ ကယ်လိုရီ ၂၄၀၀၊ ဒိုးနတ် ၁၂ခု၊ ၅ မိုင်၊ ၁ နာရီ” လို့ လို့တင်ထားကြောင်း သိရပါတယ်။

ဒီပြိုင်ပွဲကိုတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ ကျင်းပခဲ့ပြီး ထိုနေ့ဟာ Krispy Kreme ကုမ္ပဏီရဲ့ ၁၆ နှစ်မြောက် အထမ်းအမှတ်နေ့လည်းဖြစ်ပါတယ်။ လာရောက်ယှဉ်ပြိုင်သူ ၅၄၈၉ ယောက်ရှိခဲ့ပြီး လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၁၇,၅၀၀၀ ကျော်ရရှိခဲ့ပြီး အဆိုပါလှူဒါန်းငွေအကုန်လုံးကို UNC (Union of North Carolina) ကလေးဆေးရုံသို့ ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE