ဟိုတလောတုန်းက သရုပ်ဆောင် Kristen Stewart တစ်ယောက် တော်ဝင်မင်းသမီး Diana နေရာကနေပြီး သရုပ်ဆောင်မယ့်အကြောင်း Shwemom မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ Kristen Stewart အနေနဲ့ Diana အဖြစ် သရုပ်ဆောင်ရတဲ့ ခံစားချက်တွေကို Jimmy Kimmel ရဲ့ Live မှာ အခုလိုပြောပြခဲ့ပါတယ်။
View this post on Instagram
ရုပ်ရှင်နာမည်ကတော့ Happiest Season ပါတဲ့။ တော်ဝင်မင်းသမီး မင်းသား Charles ရဲ့ ကြင်ယာတော် Diana အကြောင်းကို အတ္ထုပတ္တိသဘောမျိုး ရိုက်ထားခဲ့တာပါတဲ့။ ဇာတ်လမ်းကိုတော့ ၁၉၉၇ ခုနှစ် Diana ရဲ့ နောက်ဆုံးနေ့ရက်တွေအကြောင်းကို အကျဉ်းချုန်းရိုက်ကူးထားခဲ့တာပါတဲ့။ တိတိကျကျပြောရရင် Charles မင်းသားနဲ့ ကွာရှင်းဖို့ မပြောခင် ၃ ရက်အလို အချိန်ကစပြီးတော့ ရိုက်ကူးထားတာပါတဲ့။
Diana ခေတ်ကိုတော့ Kristen Stewart အနေနဲ့ ကောင်းကောင်းတော့ မမှီခဲ့လိုက်ပါဘူးတဲ့။ အဲဒီအချိန်တုန်းက Kristen Stewart က အရမ်းငယ်သေးတယ်လေ။ မှတ်မိတာဆိုလို့ Diana ဆုံးသွားပြီးနောက်ပိုင်း Buckingham နန်းတော်ကြီးရှေ့မှာ ပန်းတွေ မြိုင်နေအောင် ထားထားတဲ့မြင်ကွင်းကိုတော့ အမှတ်ရနေခဲ့ပါတယ်တဲ့။
View this post on Instagram
ဒါပေမဲ့လည်း Diana ကိုတော့ မရင်းနှီးတဲ့လူဆိုလို့ မရှိပါဘူး။ အခုလိုမျိုး fashion icon တစ်ယောက်၊ ပြည်သူတွေချစ်တဲ့ အရပ်သူကြင်ယာတော်နေရာမှာ သရုပ်ဆောင်ထားတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
အချိန်ကာလကိုပါ တစ်ထပ်တည်းကျစေဖို့အတွက် ရိုက်ကူးရေးကို ဇန်နဝါရီလမှ ရှုတင်ကို စမှာပါတဲ့။ Diana ဆိုတဲ့ ခံစားချက်ကို လုံးဝသွင်းဖို့အတွက် Diana ရဲ့ အတ္ထုပတ္တိအကြောင်း ရေးထားတဲ့ စာအုပ်၂ အုပ်နဲ့ ၃ အုပ်မြောက်ကိုလည်း တစ်ဝက်ဖတ်ပြီးနေပြီဆိုပြီး ပြင်ဆင်မှုတွေအကြောင်း ပြောလာခဲ့ပါတယ်။ Twilight ပြီးကတည်းက ရုပ်ရှင်ရိုက်ကူးမှုတွေကို ရင်မခုန်တာ ကြာပြီဆိုပေမယ့်လို့ အခု ဒီ Diana ဇာတ်ကောင်ကို ရိုက်ကူးဖို့အတွက်ကျတော့ တော်တော်လေးကို ပြန်ပြီး စိတ်လှုပ်ရှားနေပါပြီတဲ့။
ဒါကတော့ အင်တာဗျူးအစီအစဉ်လေးပါ။
View this post on Instagram
Penny