Robert Pattinson ဟာ Batman ဇာတ်ရုပ်နဲ့လိုက်ဖက်သူပါ လို့ဆိုလာတဲ့ Kristen Stewart

Robert Patterson IG

Kristen Stewart နဲ့ Robert Pattinson ဆိုတာ တစ်ချိန်က ဟောလိဝုဒ်စာမျက်နှာတွေ၊ သတင်းတွေထက်မှာ ဖွေးဖွေးလှုပ်အောင်ပါခဲ့ဖူးတဲ့ စုံတွဲတစ်တွဲပါ။ သူတို့နှစ်ယောက်ရဲ့ ဖူးစာဟာ Twilight ရုပ်ရှင်ကားတွေ အတူတူရိုက်ရင်း ဆုံမိခဲ့ကြပေမယ့်လို့ ကံအကြောင်းမလှစွာနဲ့ပဲ သူတို့နှစ်ယောက်ဟာ ချစ်ခရီးရှည်ဟာ လမ်းခုလတ်မှာပဲ အဆုံးသတ်သွားခဲ့ရပါတယ်။ဒီလို နှစ်ပေါင်းများစွာကြာအောင်အထိ တစ်ယောက်နဲ့တစ်ယောက် ချစ်ခဲ့ကြတဲ့သူတို့ဟာ အခုအချိန်အထိ တစ်ယောက်ရဲ့ ခြေလှမ်းတွေကိုတစ်ယောက် မျက်ခြေပြတ်ကြပုံမပေါ်ပါဘူး။

Twilight/Imdb

Batman နေရာအတွက် Robert Pattinson  ရွေးချယ်ခံရတဲ့ သတင်းတွေလည်း Kristen Stewart တစ်ယောက်သိမှာပါ။ဒီအကြောင်းကိုတော့ Toronto International Film Festival ပွဲကို တက်ရောက်လာတဲ့အခါမှာ  သူမကိုယ်တိုင် ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။“Batman နေရာမှာ လုံးဝကို သူတစ်ယောက်တည်းပဲ သရုပ်ဆောင်နိုင်တယ်လို့ ကျွန်မခံစားမိနေတယ်။ကျွန်မ သူ့အတွက် အရမ်းပျော်ပါတယ်”လို့ ပြောခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာ ၂၀၁၃ ခုနှစ်မှာ လမ်းခွဲခဲ့ကြတာဖြစ်ပြီး ချစ်သူသက်တမ်း သုံးနှစ်ကျော်ကြာမြင့်ခဲ့တဲ့ စုံတွဲတစ်တွဲလည်းဖြစ်ပါတယ်။

READ
အနုပညာမိသားစုဆိုပြီး သတ်မှတ်ခြင်း ခံထားရတဲ့ နာမည်ကျော် Skarsgård မိသားစု

 

အခုအချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အရင်အတိုင်းပြန်ဖြစ်ဦးမလား၊ လုံးဝသူစိမ်းတွေလိုဖြစ်သွားပြီလားဆိုတာ၊ ဘယ်လိုအခြေအနေရှိသလဲဆိုတာကိုတော့ အများပြည်သူကိုချပြခြင်း မရှိသေးပေမယ့် သူမဟာ Robert Pattinson အကြောင်းပြောနေရင်းနဲ့ တကယ့်ကို ပျော်ရွှင်နေတဲ့မျက်နှာလေးနဲ့ပါ။“ကျွန်မ ဒီသတင်း ကြားလိုက်ရခြင်း အရမ်းပျော်သွားတာပဲ။ တကယ်ပါ။ ဒီလို အရွေးချယ်ခံရတာ သူ့အတွက် အရမ်း အရမ်းကိုပျော်မိတယ်”လို့ Kristen Stewart က ပြောဆိုခဲ့ပါတယ်။

READ
Kristen Stewart နဲ့ သူမရဲ့ Relationship ကို IG မှာ တရားဝင်ချ ပြလိုက်တဲ့ Meyer

Kristen Stewartရဲ့  အနုပညာလှုပ်ရှားမှုအနေနဲ့ သိပ်မကြာခင်မြန်မာနိုင်ငံမှာ ရုံတင်တော့မယ့် Charlie’s Angels မှာ ပါဝင်သရုပ်ဆောင်ထားပြီး Seberg လို့ အမည်ရတဲ့ နိုင်ငံရေးရုပ်ရှင်ကားတစ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

 Ye Yint Kyaw

SHARE