ခေါင်မိုးပေါက်သွားတဲ့အထိ ဘိုးလင်းပစ်နိုင်တဲ့ဆရာကြီးကိုမြင်ဖူးလား

Twitter

မလေးရှားနိုင်ငံက ဘိုးလင်းဝါသနာရှင်တစ်ယောက်ရဲ့ အဖြစ်က တကယ့်ကို ရယ်စရာပါ။ 4 (@hazrilazharudin) ဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်ဟာ သူငယ်ချင်းဖြစ်သူနဲ့အတူ ဘိုးလင်းပစ်ဖို့ သွားခဲ့ပြီးနောက် သူ့သူငယ်ချင်းရဲ့ ဘိုးလင်းစွမ်းရည်ကို ထင်ထင်ရှားရှားတွေ့လိုက်ရပြီး သူ့ရဲ့ တွစ်တာအကောင့်ကနေပြန်လည်မျှဝေပေးသွားခဲ့တာပါ။

မလေးရှားနိုင်ငံ၊ ကူအန်တန်မြို့ထဲက ဘိုးလင်းရုံတစ်ခုထဲမှာ အပျော်တမ်းဘိုးလင်း ပစ်သူတစ်ယောက်ဟာ ဘိုးလင်းဘောလုံးကို ပစ်ဖို့ကြိုးစားရင်း ချော်လဲသွားခဲ့တာပါ။ သူက ဟန်ချက်ပျက်သွားပေမယ့် ဘိုးလင်းဘောလုံးကိုတော့ ရအောင် ပစ်နိုင်ခဲ့ပါသေးတယ်။

သူ့ရဲ့ဘောလုံးက တိုင်တွေဆီ သွားထိရမယ့်အစား အပေါ်ကို မြောက်ပြီး ခေါင်မိုးကိုပါ ဖောက်ထွက်သွားခဲ့တာပါ။

Twitter

“ဒါက ကူအန်တန်မှာ ဖြစ်ခဲ့တာနော်။ လ ကို မှန်အောင်လို့ ဘိုးလင်းပစ်နေတာ”လို့ တွစ်တာ ပေါ်မှာ ကာယကံရှင်ရဲ့ သူငယ်ချင်းဖြစ်သူက တင်သွားခဲ့တာပါ။

ဘိုးလင်းရုံရဲ့ တာဝန်ရှိသူတွေကတော့ ဒီမတော်တဆ ပျက်စီးသွားမှုအတွက် လျော်ကြေးတောင်းခဲ့ခြင်းမရှိပဲ ဘယ်သူမှလည်း ထိခိုက်ဒဏ်ရာ ရရှိသွားတာမျိုး မရှိဘူးလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

READ
လူပုလေးမျိုးရိုးဗီဇကြောင့် ၂ နှစ်သားအထိ ခွေးပေါက်လေးအတိုင်းဖြစ်နေခဲ့ Ranger

ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ ဒီ ဗီဒီယိုဖိုင်လေးက နာမည်ကြီးနေပြီး ဘိုးလင်းဆရာကြီးရဲ့ လွဲချော်မှုကို ၀င်ရောက်ကြည့်ရှုသူပေါင်း သိန်းချီပြီး ရှိခဲ့ပါတယ်။

Linn

SHARE