မလေးရှားရဲ့အသန့်ရှင်းဆုံးမြို့ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ဖြစ်နေ

Twitter "TodayOnline"

မလေးရှားနိုင်ငံတစ်ဝန်းမှာရှိတဲ့မြို့တော်တော်များများမှာ မီးခိုးမြူတွေပျံ့နှံ့နေပြီးလေထုညစ်ညမ်းမှုတွေဖြစ်ပွား နေပါတယ်။မီးခိုးမြူတွေရဲ့အနေအထားဟာ တိုးတက်ကောင်းမွန်လာမယ့်အခြေအနေတော့ အခုချိန်ထိမတွေ့သေးဘူး လို့သိရပါတယ်။အချို့နေရာတွေမှာတော့ မီးခိုးမြူတွေထူထပ်စွာကျရောက်နေတာကိုလည်းတွေ့ရပါတယ်။

အာရှရဲ့သန့်ရှင်းမှုအရှိဆုံးမြို့တွေထဲကတစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံက Sarawak ပြည်နယ်ရဲ့မြို့တော် Kuching မှာမီးခိုးမြူတွေထူထပ်စွာဖုံးလွှမ်းနေတာကြောင့် ကမ္ဘာ့လေထုညစ်ညမ်းမှုအရှိဆုံးမြို့အဖြစ်သတ်မှတ်ခဲ့ကြောင်း New Straits Times သတင်းစာကဖော်ပြခဲ့ပါတယ်။

 

ဒီမြို့ကို US Air Quality Index (AQI) စီမံကိန်းအဖွဲ့ ကို လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီးဖြေရှင်းဖို့ အခြေစိုက်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ဒါပေမယ့် Kuching မြိုရဲ့အာဏာပိုင်တွေက မီးခိုးမြူတွေနဲ့ပြည့်နေတဲ့မြို့တွေကို တာဝန်ယူဖြေရှင်းမှုတွေလုပ်ဆောင်မယ်လို့ သိရပါတယ်။ Beijing မြို့နဲ့ New Delhi မြို့တွေမှာလည်း လေထုညစ်ညမ်းမှုတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။

(၂၀၁၉)ခုနှစ်စက်တင်ဘာလ(၁၅)ရက်နေ့က Kuching မြို့ရဲ့လေထုအရည်အသွေးကိုစစ်ဆေးဖို့ AQI အဖွဲ့ကိုအခြေစိုက်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ AQI အဖွဲ့ကလည်း Kuching မြို့ကို ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့မြို့အဖြစ်ထည့်သွင်းစဉ်းစားတာကြောင့် လာရောက်စစ်ဆေးမှုတွေလုပ်ဆောင်မှာဖြစ်ပါတယ်။ကွာလမ်လာပူမြို့ကိုလည်း စက်တင်ဘာလ(၁၁)ရက်နေ့က ကမ္ဘာ့လေထုညစ်ညမ်းမှုအဆိုးဝါးဆုံးမြို့စာရင်းထဲမှာထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲ့အခြားမြို့တွေကိုလည်း ကျန်းမာရေးနဲ့ညီညွတ်မှုမရှိဘူးလို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိ မ်းရေးအဖွဲ့ရဲ့ Air Pollutant Index (API) ကစက်တင်ဘာလ(၁၆)ရက်နေ့က မှတ်တမ်းတင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံရဲ့မြို့တွေမှာနေထိုင်တဲ့သူတွေကို တတ်နိုင်သမျှ အိမ်ထဲကအိမ်ပြင်ကိုမထွက်ကြဖို့တားမြစ်ထားပြီး မဖြစ်မနေ အပြင်သွားရမယ်ဆိုရင်လည်း မျက်နှာဖုံးလေးတွေတပ်သွားကြဖို့ သတိပေးထားပါတယ်။မြို့တွင်းကားမောင်းသူတွေကို ကားထဲမှာ လေထုညစ်ညမ်းမှုအခြေအနေကိုကာကွယ်ဖို့အတွက် လေအေးပေးစက်ဖွင့်ထားဖို့ သတိပေးထားပါတယ်။လူတိုင်းကိုလည်း ရေများများသောက်ဖို့နဲ့ဘေးကင်းလုံခြုံစွာနေထိုင်ဖို့မြို့ရဲ့အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

Thae

SHARE