ခွေးလေးတွေရဲ့ကျေးဇူးတော်ပွဲကို ရိုးရာအတိုင်းခမ်းနားစွာကျင်းပလေ့ရှိတဲ့ နီပေါနိုင်ငံ

© DontDaretoGildMe / Reddit

ခွေးတွေဟာ လူတွေအတွက် အရေးပါတဲ့သူငယ်ချင်းအဖြစ်ရှိနေတာကိုကျေးဇူးတင်တဲ့အနေနဲ့ နီပေါနိုင်ငံမှာတော့ နှစ်စဉ်ခွေးလေးတွေအတွက် ကျေးဇူးတော်ပွဲဆိုပြီးကျင်းပပေးလေ့ရှိပါတယ်လို့ Bright Side မှာ ဖတ်ခဲ့ရပါတယ်။

နီပေါနိုင်ငံမှာ နှစ်စဉ်ဒီပွဲကိုကျင်းပလေ့ရှိပြီး ခွေးပိုင်ရှင်တော်တော်များများကလည်း  သူတို့ရဲ့ခွေးတွေကို ဂုဏ်ပြုသော အားဖြင့် ပါဝင်ဆင်နွှဲကြပါသတဲ့။

© depositphotos.com

Kukur Tihar ပွဲတော်လို့ခေါ်တဲ့ ခွေးလေးတွေကိုကောင်းချီးပေးတဲ့နေ့ကို နီပေါနိုင်ငံရှိလူတွေက နှစ်စဉ်ကျင်းပလေ့ရှိ ပါတယ်။ ပွဲတော်အတွင်းရှိလူတွေဟာ ခွေးလေးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းကုံးတွေစွတ်၊ အစားအစာများကျွေးမွေး ခဲ့ကြပါတယ်။ ဒီပွဲတော်ဟာ ခွေးတွေနဲ့လူတွေကြားထားရှိတဲ့ချစ်ခြင်းမေတ္တာကိုပြသတဲ့ပွဲတော်တစ်ခုပါ။ ဒီပွဲတော်ကို နီပေါနိုင်ငံရဲ့ဒုတိယအကြီးဆုံးပွဲတော်ဖြစ်တဲ့ ဒီပါဝလီပွဲတော်ရဲ့ဒုတိယမြောက်နေ့မှာကျင်းပလေ့ရှိပါတယ်။

ဒီပွဲတော်ကို နီပေါတစ်နိုင်ငံလုံးကပါဝင်ဆင်နွှဲကြပြီး ခွေးလေးတွေကိုကောင်းချီးပေးတဲ့အနေနဲ့ ခွေးတွေရဲ့နဖူးပေါ်မှာ အနီရောင်ဆေးမှုန့်လေးတွေနဲ့ အမှတ်အသားလုပ်ပေးပြီး ဆုတောင်းပေးခဲ့ကြပါတယ်။

© unknown / imgur

ခွေးတွေဟာ နတ်ဘုရား Yamaraj ရဲ့တမန်တွေဖြစ်တယ်လို့ ဟိန္ဒူဘာသာဝင်တွေကယုံကြည်ထားကြပြီး ခွေးတွေ ရဲ့ကျန်းမာရေးကို စောင့်ရှောက်ခြင်းဟာလည်း တမန်တော် Yamaraj ကိုနှစ်သိမ့်ပေးတာနဲ့အတူတူပဲကို သက်ဝင်ကြတဲ့အတွက်ကြောင့် ခွေးလေးတွေကို အခုလိုပွဲတော်လေး ကျင်းပပေးကြတာပဲဖြစ်ပါတယ်။

ဒီပွဲတော်ကို အိမ်မွေးတိရစ္ဆာန်တွေသာမက ပိုင်ရှင်မဲ့ခွေးလေးတွေကိုပါခေါ်ယူပြီး ကောင်းချီးမင်္ဂလာပြု ပေးကြပါသေးတယ်။ ပွဲတော်ကာလအတွင်းမှာလည်း ခွေးလေးတွေကို ဥအမျိုးမျိုး၊ အသား၊ နွားနို့နဲ့  ခွေးတွေအတွက် အထူးထုတ်လုပ်ထားတဲ့အစားအစာတွေကို အဝအလင် ကျွေးမွေးကြပါတယ်တဲ့။

ဒီကာလမှာတော့ နီပေါတစ်နိုင်ငံလုံးရှိလူတွေဟာ သူတို့ရဲ့နေအိမ်တွေကိုသန့်စင်ဆေးကြောမှုတွေလုပ်ပြီး မီးခွက်တွေနဲ့ မီးထွန်းပူဇော်မှုတွေလုပ်ကာ နတ်ဘုရားမ လက်ရှ်မီးရဲ့ကောင်းချီးခံရဖို့ ဆုတောင်းမှုတွေပြုလုပ်ကြပါတယ်။

© L147 / Reddit
© unknown / imgur

တခြားနိုင်ငံတွေမှာလည်း ဒီလိုအစဉ်အလာနဲ့နည်းတူ ကျင်းပကြတဲ့ပွဲတွေလည်းရှိပါသေးတယ်။ ဥပမာဆိုရရင် ၂၀၁၆ ခုနှစ်က မက္ကဆီကိုနိုင်ငံမှာ Tihar ပွဲတော်လိုမျိုးပေါ့။ ဒေသခံတွေဟာ အဲ့ဒီနေ့တစ်ရက်လုံး သူတို့ရဲ့ခွေးလေးတွေနဲ့အတူ မက္ကဆီကိုစီးတီးရှိ တော်လှန်ရေးရင်ပြင်ကိုလမ်းလျှောက်သွားခဲ့ကြပြီး ပန်းနဲ့ပန်းကုံးတွေကို စွတ်ပေးခဲ့ကြပါတယ်။

ကမ္ဘာတစ်ဝန်းလုံးကျင်းပတဲ့ပွဲတော်တစ်ခုဖြစ်စေရုံသာမက ဒီရိုးရာအစဉ်အလာကို ဆက်လက်ရှိနေနိုင်ဖို့ မျှော်လင့်ရင်း Kukur Tihar ပွဲတော်ရဲ့ ချစ်စရာကောင်းပြီး ကြည်နူးရတဲ့ပုံရိပ်လေးတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။

© GallowBoob / Reddit
© DontDaretoGildMe / Reddit

 Thae Su

SHARE