ကွန်ဖူးတတ်တဲ့ကြောင် လို့ ချီးမွမ်းခံနေရတဲ့ ကြောင်ကလေးရဲ့စကေး

Youtube

ကြောင်လေးတစ်ကောင်ရဲ့ ဗီဒီယို ဟာ ကြည့်ရှုသူ သန်း(၁၅၀)ကျော် ရှိလိမ့်မယ်လို့ သင် ထင်ခဲ့ဖူးပါသလား။ နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ရဲ့ ဗီဒီယိုလည်းမဟုတ်၊ ဘောလုံးသမားတစ်ယောက်ရဲ့ ဗီဒီယို လည်း မဟုတ်ပါပဲ ကြောင်လေးတစ်ကောင်ရဲ့ လှုပ်ရှားမှု တစ်ခုဟာ ကြည့်ရှုသူ သန်း(၁၅၀)အထိ ရှိသွားခဲ့တယ်ဆိုရင် တကယ့်ကို အံ့သြဖို့ ကောင်းနေမှာပါ။

Weibo

ဒါပေမယ့် ဒန်ရှန်ရှောင် ဆိုတဲ့ ဘလော့ဂါတစ်ယောက်ရဲ့ ဗီဒီယိုထဲက ကြောင်ကလေးကတော့ တကယ်ပဲ ကြည့်ရှုသူတွေအများကြီး ရှိခဲ့တဲ့အထိ အောင်မြင်သွားခဲ့တာပါ။ ရှောင် က သူ့ရဲ့ကြောင်လေးကို ဘရုစ်စလီကြောင် လို့ ချစ်စနိုး နာမည်ပေးထားပြီး လေထဲမှာပျံလာတဲ့ ငှက်ကလေးကို ခုန်ဖမ်းလိုက်တဲ့ ပုံစံက တကယ့်ကို လျှင်မြန်လွန်းပြီး တိကျမှုလည်းရှိပါတယ်။

Weibo

ဗီဒီယိုထဲမှာတော့ ကွင်းပြင်တစ်ခုထဲမှာ လျောက်လာနေတဲ့ ကြောင်ကလေးကို မြင်ရမှာဖြစ်ပြီး သူ့ရဲ့အပေါ်ခပ်နိမ့်နိမ့်ကနေ ဖြတ်ပျံသွားတဲ့ ငှက်ကို ရုတ်တရက် ခုန်ဖမ်းလိုက်တာပါ။ အနှေးပြကွက်နဲ့ ပြသထားတဲ့ ဗီဒီယိုထဲမှာတော့ ကြောင်လေးဟာ လေထဲမှာတင် ငှက်ကို ဖမ်းပြီးတဲ့နောက် ပါးစပ်နဲ့ ကိုက်ချီလိုက်တာဖြစ်ပြီး အရမ်းကို မြန်ဆန်လွန်းတဲ့ လှုပ်ရှားမှုကို မြင်လိုက်ရတာပါ။

READ
အင်္ဂလန်မှာ ရင်သားကိုတက်တူးထိုးသူများပြားလာ

တချို့ဘောလုံးချစ်သူ ပရိသတ်တွေကတော့ ဒီကြောင်ကလေး ငှက်ကိုလှမ်းဖမ်းပုံဟာ အင်္ဂလန်ဂိုးသမားဟောင်း ဒေးဗစ်ဆီးမန်းတစ်ယောက် ဘောလုံးကို ဖမ်းလိုက်ပုံနဲ့ အတူတူပဲ လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Linn

 

SHARE