တရုတ်နိုင်ငံဟာ ရိုးရာသိုင်းပညာတွေ၊ ကိုယ်ခံသိုင်းပညာတွေ၊ ကွန်ဖူးတိုက်ကွက်တွေနဲ့ ပတ်သတ်ရင် တော်တောလေးကို နာမည်ကြီးတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဒီလိုမျိုး သိုင်းပညာတွေကို အမှန်တစ်ကယ် တတ်မြောက်ထားတဲ့ သိုင်းဆရာတွေ၊ ကွန်ဖူးပညာရှင်တွေ ရှိသလို တစ်ကယ်မတတ်မြောက်ပဲ စီးပွားဖြစ် လိမ်လည်သင်ကြားနေတဲ့ သိုင်းဆရာတွေလည်း ရှိပါတယ်။ အခုပြောပြချင်တဲ့ တရုတ်ကွန်ဖူးဆရာကြီးကတော့ တရုတ်နိုင်ငံမှာ တစ်ကယ်ကို နာမည်ကြီးနေတဲ့ ကွန်ဖူးဆရာကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီလိုနာမည်ကြီးရတာကလည်း သူတတ်မြောက်ထားတဲ့ Iron Balls လို့ခေါ်တဲ့ တရုတ်ရိုးရာသိုင်းပညာတစ်ခုကြောင့်ပဲဖြစ်ကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ ကွန်ဖူးဆရာကြီးကတော့ တရုတ်အလယ်ပိုင်းဒေသရှိ Juntun ရွာမှာ နေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် Wang လို့ အမည်ရတဲ့ ကွန်ဖူးဆရာကြီးပဲ ဖြစ်ပါတယ်။ Wang ရဲ့ ပြောပြချက်အရဆိုရင်တော့ Iron Balls သိုင်းပညာဟာ လေ့ကျင့်ဖို့ အင်မတန်ခက်ခဲသလို အခန့်မသင့်ရင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ကြောင်း သိရပါတယ်။ ပြီးတော့ Iron Balls သိုင်းပညာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်ကတည်းက သူတို့ရွာမှာ နာမည်ကြီးတဲ့ ရိုးရာသိုင်းပညာတစ်ခုဖြစ်ပြီး အဆိုပါ ပညာရပ်ကို တတ်မြောက်သွာတးသူဟာ နေလို့ထိုင်လို့ အရမ်းကောင်းပြီး အသက်ရှည်ကျန်းမာကြောင်း သိရပါတယ်။ ဒါ့အပြင် Juntun ရွာသား အယေက် ၂၀၀ ကျော်ဟာ ဒီသိုက်းပညာကို နေ့တိုင်းလိုလို လေ့ကျင့်လေ့ရှိပြီး တစ်ကယ်တတ်မြောက်ထားသူကတော့ သူအပါအဝင် အဆိုပါ ရွာမှာ လူ ၂၀ ခန့်သာရှိကြောင်း သိရပါတယ်။


“Iron Balls သိုင်းပညာကို အခုလို စိတ်ဝင်စားလို့လည်း တစ်ကယ်ကျေးဇူးတင်ပါတယ်။ အခုဆို ဒီပညာကို စိတ်ဝင်စားလို့ အခြားနိုင်ငံကနေ ဒီအထိလာပြီး သင်ကြားနေတဲ့ နိုင်ငံခြားသားတွေတောင် ရှိနေပါပြီ။ ကျွန်တော့်အနေနဲ့ကတော့ ဒီပညာကို ကမ္ဘာ့အနှံ့ကို ပျံ့နှံ့သွားစေချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဆီမှာ Iron Balls တစ်ခုတည်း မဟုတ်ပဲ Iron throat, Iron head, Iron chest နဲ့ Iron back အစရှိတဲ့ သိုင်းပညာတွေကိုလည်း သင်ကြားလို့ရပါတယ်။ အဲဒီသိုင်းပညာတွေထဲမှာတော့ Iron balls သိုင်းပညာက အခက်ဆုံးပါပဲ”လို့ Wang က Next Shark သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw