Tiktok မှာ နာမည်ကြီးနေတဲ့ အမေရိကန်နိုင်ငံက ကွန်ဖူးသားအဖ

Tiktok/zaraliang

Tiktok မှာ နာမည်ကြီးနေတဲ့ account တစ်ခုရှိနေပါတယ်။ အဲဒါကတော့ The Liangs ဆိုတဲ့ account ပါ။ အဲဒီ account မှာ တင်တဲ့ဗီဒီယိုတွေကတော့ ကွန်ဖူးနဲ့ ပတ်သက်တာတွေပဲဖြစ်ပါတယ်။

@zaraliangturn on the hose next time dad ##fyp ##foryou ##wushu ##martialarts ##renegade (part1)♬ Lottery – K CAMP

The Liangs ရဲ့ ပဲ့ကိုင်ရှင်ကတော့ Chang Xing Liang ပါတဲ့။ Chang ဟာ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီးတော့ သူတို့ရဲ့ ရိုးရာ ကွန်ဖူးပညာကို ငယ်စဉ်ကတည်းက လေ့လာလိုက်စားခဲ့သူတစ်ဦးပါ။ ကျွမ်းကျင်အဆင့်ရှိနေပြီးတော့ ကွန်ဖူးအကွက်တိုင်းကိုလည်း ကျင့်နိုင်သူတစ်ဦးဖြစ်ပါတယ်။ Chang ဟာ သမီးဖြစ်သူ Zara ကိုလည်း သူတတ်မြောက်ထားတဲ့ ကွန်ဖူးပညာကို သင်ပေးထားခဲ့တာပါ။

@zaraliangsame whip 40 years later ##martialarts ##dad ##ninesectionwhip ##wushu ##武术 ##homefitness♬ 50//50 (Edit) – Vantage


Zara ဟာ ဖခင်ဖြစ်သူ Chang ရဲ့ ကွန်ဖူးအကွက်တွေကို ဗီဒီယိုရိုက်ရင်း Tiktok account ဖွင့်ပြီး တင်ပေးရင်းနဲ့မှ လူကြိုက်များလာကာ ပရိတ်သတ်တွေဘာတွေ ရလာပြီး အခုဆိုရင် Tiktok မှာ follower ပေါင်း ၁.၃ မီလီယံရှိနေပြီး သတင်းဌာနတွေကတောင်မှပဲ အဖော်ပြခံနေရပါတယ်။

@zaraliangmy brother asked dad for help in his garden…😅 ##dad ##martialarts ##gardening ##gardeningtips ##parentsoftiktok ##foryou ##fyp♬ Blue Blood – Heinz Kiessling & Various Artists


သူ့ရဲ့ Tiiktok မှာဆိုရင် ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးတာကို ကွန်ဖူးဆန်ဆန် စိုက်ပြတာတို့၊ သားအဖနှစ်ယောက် ကွန်ဖူးအကွက်တွေကို အလှပြတာတို့၊ IP Man တို့ Bruce Lee ရဲ့အထင်ကရ နန်ချက်ကူအကွက်တွေကိုလည်း တစ်ထပ်တည်းကျအောင် ဆော့ပြတာတို့ စတာတွေ ပါဝင်လျက်ရှိနေပါတယ်။
Chang တို့မိသားစုကတော့ လက်တလော ယူအက်စ်မှာ အခြေချနေထိုင်လျက်ရှိနေပါတယ်။

@zaraliangmy brother asked dad for help in his garden…😅 ##dad ##martialarts ##gardening ##gardeningtips ##parentsoftiktok ##foryou ##fyp♬ Blue Blood – Heinz Kiessling & Various Artists

@zaraliangdad: 1 💪🏼 wooden dummy: 0 😵 ##ohno ##ohnono ##dad ##martialarts ##kungfu ##woodendummy ##foryou ##fyp♬ Oh No – Kreepa


ကိုဗစ်ကာလအတွင်း ဘာမှလည်းလုပ်စရာမရှိတာကြောင့် အပျင်းပြေဗီဒိယိုရိုက်ရင်းနဲ့မှ Chang ရဲ့ အရည်အချင်းတွေကြောင့် အခုလိုနာမည်ကြီးလာခဲ့တာပါတဲ့။
အသက်ကြီးပေမယ့် တတ်သည့်ပညာမနေသာနဲ့ မပျက်ဆီးသေးကြောင်း Chang ရဲ့ Tiktok ဗီဒိယိုတွေမှာ ကြည့်နိုင်ပါတယ်။

@zaraliangdad’s ab challenge… try it out and duet!! ##dad ##challenge ##abs ##abchallenge ##martialarts ##fitness ##foryou ##fyp♬ Toca – Carnage

@zaraliangasked dad to do ‘the mop’ and this he what he did… ##dad ##martialarts ##themop ##mop ##homefitness ##foryou ##fyp (thanks for 400k!!!)♬ Savage – Megan Thee Stallion


penny

SHARE