ထူးဆန်းတဲ့ ကိုယ်ပိုင်အိပ်မွေ့ချနည်းကြောင့် လူကြိုက်များနေတဲ့ ဂျပန်က ကြောင်ကလေး

twitter/Yv1aVq

ဂျပန်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာတွစ်တာပေါ်မှာ ကိုရိုရိုအမည်ရ ကြောင်လေးတစ်ကောင်ရဲ့ ဗီဒီယိုဖိုင်ဟာ လူကြည့်များနေပါတယ်။ အကြောင်းကတော့ ကိုရိုရိုလေးဟာ အသဲယားစရာကောင်းလောက်အောင်ပဲ သူ့အမြီးလေးကို ဘယ်ညာယိမ်းနွဲ့ပြီး ဆော့နေတာပါ။ မသိရင်တော့ သူဟာ အမြီးကို ချိန်သီးနာရီလေးတစ်ခုသဖွယ် သဘောထားပြီး ကိုယ့်ကိုယ်ကိုယ် အိပ်မွေ့ချနေသလိုပါပဲ။

ကိုရိုရိုလေးက သူ့အမြီးလေးကို လက်နှစ်ဖက်နဲ့ ညှပ်ထားပါသေးတယ်။ ပြီးတဲ့နောက် အရှေ့ကနေ အနောက်၊ အနောက်ကနေ အရှေ့ဘက်ဆီ စည်းချက်မှန်မှန်နဲ့ အမြီးလေးကို လှုပ်ယမ်းနေခဲ့တာ ဖြစ်ပါတယ်။ ကိုရိုရိုကတော့ သူ့အမြီးလေးကို သူ့ကြည့်နေရင်း ပြန်အိပ်ငိုက်လာပုံရပါတယ်။ ဖြည်းဖြည်းချင်းစီ မျက်လုံးလေးမှေးစင်းလာတာကိုလည်း တွေ့ရပြီး ဗီဒီယိုလေးက အဆုံးသတ်သွားတာကို soranews24 ကနေ တွေ့ရပါတယ်။

အောက်မှာတော့ ချစ်စရာကောင်းတဲ့ ကိုရိုရိုလေးနဲ့ အခြားဗီဒီယိုဖိုင်လေးတွေ ဖြစ်ပါတယ်။

READ
ပုံထဲက ရည်းစားဟောင်းကို ဖိုတိုရှော့နဲ့ဖျက်ပေးဖို့ အွန်လိုင်းကတစ်ဆင့် အကူအညီတောင်းခဲ့သူ

တီဗီကြည့်နေတုန်း တွေ့ရတဲ့ ကိုရိုရိုလေး

https://twitter.com/Yv1aVq/status/1165624882635276289

ပျင်းတိပျင်းရွဲ့နဲ့ လှဲအိပ်နေနတဲ့ ကိုရိုရို

စူးစမ်းချင်စိတ်အပြည့်နဲ့ တွေ့ရတဲ့ ကိုရိုရို

လင်းလင်း (ShweMom)

SHARE