ဇာတ်ကားအဖြစ် ထပ်မံမြင်တွေ့ရအုံးမယ့် “ကြာတော့သည်လည်း မောင့်စကား”

မြန်မာနိုင်ငံရဲ့ နာမည်ကျော် အမျိုးသမီးစာရေးဆရာမ ဂျူး  ကိုတော့ မသိတဲ့ သူမရှိပါဘူး။ ဆရာမဂျူးရဲ့ ၀တ္ထုတွေကေ တာ့ စာဖတ်သူတိုင်းကို တကယ့်ကို ဆွဲဆောင်နိုင်တဲ့ စာအုပ်ကောင်းတွေပါ။ ဆရာမရဲ့ စာအုပ်တွေကို ရုပ်ရှင်ကားအဖြစ် ဒါရိုက်တာတွေက ပြန်လည် အသက်သွင်း ရိုက်ကူးထားတာတွေ အများကြီးရှိပါတယ်။ ဆရာမ ဂျူးရဲ့ “ကြာတော့သည် လည်း မောင့်စကား ” ဆိုတဲ့ ၀တ္ထုကို ဇာတ်ကားအဖြစ် ပြန်လည် အသက်သွင်းရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားကတော့ နောက်လထဲမှာ ရုံတင်ပြသတော့မှာပါ။ ဒီဝတ္ထုကို (၁၉၉၅)ခုနှစ်ဝန်းကျင်လောက်တုန်းက ရုပ်ရှင်ကား အဖြစ် ရိုက်ကူးခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက စိုးမြတ်သူဇာ၊ရန်အောင်၊ရဲအောင် တို့နဲ့ ရိုက်ကူးခဲ့တာပါ။

ဒီနေ့ခေတ်မှာ ပြန်အသက်သွင်းထားတဲ့ “ကြာတော့သည်လည်း မောင့်စကား” ကိုတော့ ဖွေးဖွေး၊စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း တို့နဲ့ ရိုက်ကူးထားတာပါ။ ဇာတ်ညွှန်းမိုးနီလွင်၊ဒါရိုက်တာ မီးပွား ပါ။ ဒီဇာတ်ကား ကတော့ တင်တင်ဇော် ၊ဖြိုးကျော်၊နန္ဒ ဆိုတဲ့ ဇာတ်ကောင် (၃) ယောက်ရဲ့ သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းလေးပါ။ ဇာတ်ကား စတင်ရိုက်ကူးချိန် ကစပြီး သရုပ်ဆောင်ရွေးချယ်မှုပိုင်းနဲ့ ပတ်သက်ပြီး စာဖတ်ပရိသတ်တွေရဲ့ အားမလို အားမရ ဝေဖန်စကားသံတွေ ထွက်ပေါ်ခဲ့ပါတယ်။

READ
ချစ်သူသက်တမ်း(၆)လရှိသွားတဲ့ ရဲရင့်အောင်နဲ့ဧငြိမ်းဖြူ

ဝတ္ထုထဲမှာတော့ ရေနံချောင်းမြို့ကို အခြေတည်ရိုက်ကူးထားပေမယ့် location အဆင်မပြေလို့ မေမြို့မှာ ရိုက်ကူး ခဲ့ ရတယ်လို့ သိရပါတယ်။ ဒါကြောင့် တင်တင်ဇော်ကိုတော့ ရေနံချောင်းသူ အနေနဲ့ မဟုတ်ပဲ မေမြို့သူ အဖြစ် ပြောင်း လဲ တွေ့မြင်ရမှာပါ။ ပရိသတ်တွေ အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတဲ့ “ကြာတော့သည်လည်း မောင့်စကား” ရဲ့ Teaser ထွက်ရှိလာခဲ့ပါတယ်။ ဇာတ်ကားကိုတော့ ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

ကြာတော့သည်လည်း မောင့်စကား Official Teaser

နန္ဒ .. ဖြိုးကျော်.. တင်တင်ဇော်သူတို့ သုံးယောက်ရဲ့ကြားက ချစ်ခြင်းမေတ္တာတွေကို ဖော်ကျူးထားတဲ့ 💓ကြာတော့သည်လည်း မောင့်စကား 💓ရုပ်ရှင်ဇာတ်ကားကြီးကို 🎬🎬🎬💥 ဖော်ဖော်ဝါရီ (၁) ရက်💥နေ့မှာ ပရိတ်သတ်ကြီးတွေ့မြင်ခံစားရပါတော့မယ်နော်…. #ကြာတော့သည်လည်းမောင့်စကား #InCinemas_FEBRUARY_1#OfficialTeaser

Posted by ကြာတော့သည်လည်း မောင့်စကား on Tuesday, 15 January 2019

Source ကြာတော့သည်လည်း မောင့်စကား၊ဖွေးဖွေး

SHARE