သင်္ကြန်ဖက်ရှင်ကြောင့် ဝေဖန်ခံနေရတဲ့အပေါ် ကျော်ထက်အောင်တုံ့ပြန်

အစီအစဉ်တင်ဆက်သူ တစ်ဦးလည်းဖြစ်တဲ့အပြင် မင်းသားတစ်ယောက်လည်းဖြစ်တဲ့ ကျော်ထက်အောင်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေတဲ့ အနုပညာရှင်တစ်ဦးပါ။ လတ်တလောမှာ သင်္ကြန်မှာ ဝတ်ဆင်ခဲ့တဲ့ သူ့ရဲ့ ဝတ်စားဆင်ယင်မှုကြောင့် ဝေဖန်မှုတွေခံနေရသူ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

ကျော်ထက်အောင်ဟာ သင်္ကြန်ပွဲမှာ စစ်ဝတ်တန်ဆာတွေကို ဆင်မြန်းပြီးခဲ့တဲ့အတွက်ကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုခံနေရတာဖြစ်ပါတယ်။ ပရိသတ်တစ်ယောက်ကတော့ “ဒီအဆင်​တန်​ဆာ​​တွေက fashion အ​နေနဲ့လည်း ဝတ်​ဆင်​ပိုင်​ခွင့်မ​ရှိသလို စစ်​မှုထမ်းမဟုတ်​သူ ဝတ်​ဆင်​ပိုင်​ခွင့်လည်း မရှိဘူး​လေ ပြီး​တော့ တပ်​ဆင်​ထားတာ​တွေကလည်း လိုက်​ဖက်​မညီ​တော့ လူ​တွေ​ထောက်​စရာ ပိုဖြစ်​သွားတာ​ပေါ့ “လို့ ကျော်ထက်အောင်ရဲ့ ဖေ့စ်ဘုတ်မှာ ကွန်းမန့်ရေးသားခဲ့တာဖြစ်ပါတယ်။

ကျော်ထက်အောင်ကတော့ သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ သက်ဆိုင်သူတွေကို တောင်းပန်တဲ့အနေနဲ့ အခုလိုရေးသားခဲ့ပြီး လာရောက်ကွန်းမန့်ရေးသားကြတဲ့သူတွေကိုလည်း Reply ပြန်ပြီး အမှားအတွက်တောင်းပန်ခဲ့ပါတယ်။

သတ္တိရှိရှိနဲ့ အမှားဝန်ခံပြီး တောင်းပန်ခဲ့တဲ့အတွက်ကြောင့် ပရိသတ်တွေကတော့ ကျော်ထက်အောင်ကို အရမ်းကို လေးစားနေကြပါတယ်။

READ
အငြင်းပွားနေကြတဲ့ ယောအဝတ်အစား ကိစ္စအပေါ် နွယ်နွယ်ထွန်း ပြန်ဖြေရှင်း

Source: Kyaw Htet Aung

SHARE