Clover ပွဲမှာ အတူတွေ့ရတဲ့ ကျော်ထက်ဇော်နဲ့ ကောင်းမြတ်စံ

ကျော်ထက်ဇော်နဲ့ ကောင်းမြတ်စံတို့ကတော့ မိန်းကလေးပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိထားတဲ့ မင်းသားေ ချာလေးတွေပါ။” အမုန်းမှသည်..” ဇာတ်ကားနဲ့ ပရိသတ် ကိုယ်စီပိုင်ဆိုင်ခဲ့ကြသူတွေပါ။ သူတို့နှစ်ယောက်ကိုတော့ “အမုန်းမှသည်..” မှာ စိုင်းနေရောင်နဲ့ ကိုးလ်ဆိုပြီး ပရိသတ်တွေက သိထားကြပါတယ်။

အပြင်မှာပါ အရမ်းကို ရင်းနှီးခင်မင်ကြပြီး မကြာခဏဆိုသလို အတူတွဲ တွေ့ရလေ့ရှိသူ နှစ်ယောက်ပါ။ ကျော်ထက်ဇော်က သူ့ရဲ့ FB မှာ ဖေဖော်ဝါရီ (၁၁)ရက်နေ့က ပုံအသစ်တွေ တင်ထားပါတယ်။ Clover ပွဲကို နှစ်ယောက်သား အတူတွဲတက်တဲ့ ပုံလေးတွေပါ။

နှစ်ယောက်လုံးကတော့ “အမုန်းမှသည်..” ဇာတ်ကား အပြီးမှာလည်း သီးခြားအနုပညာလှုပ်ရှားမှုတွေ ဆက်လက် လုပ်နေပါတယ်။ ပွဲတွေတက်တာ၊ မဂ္ဂဇင်းကာဗာတွေ ရိုက်တာ၊ ကြော်ငြာတွေ ရိုက်ကူးပေးနေတာကို တွေ့ရပါတယ်။

READ
ဆံပင်စတိုင်သစ်ပြောင်းလိုက်တဲ့ လူပျိုကြီး စိုင်းစိုင်း

from ကျော်ထက်ဇော်နဲ့ ကောင်းမြတ်စံရဲ့ FB

SHARE