စိန်ခေါ်နေတဲ့ဇာတ်ကောင်အတွက်ခန္ဓာကိုယ်အချိုးအစားကိုလုံးဝပြောင်းလိုက်တဲ့ကျော်ကျော်ဗိုလ်

ဇာတ်မင်းသားတစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ဗိုလ်ကတော့ ရုပ်ရှင်သရုပ်ဆောင်မင်းသားတစ်ယောက်အဖြစ်လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးဖန်တီးပုံဖော်နိုင်အောင် အမြဲကြိုးစားပြီး ပရိသတ်တွေကို ချပြတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူကတော့ ဒီကနေ့မှာလည်း ပရိသတ်တွေ အံ့အားသင့်သွားလောက်တဲ့ ပြောင်းလဲမှုကြီးကို ချပြလိုက်ပါပြီ။

ကျော်ကျော်ဗိုလ်ကတော့ ကြွက်သားအချိုးအဆစ်တွေနဲ့ တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်အချိုးအစားကနေ ဗိုက်ပူပူ ဝဝပြည့်ပြည့်လူတစ်ယောက်အဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ကတော့ “စိန်ခေါ်နေတဲ့ဇာတ်ကောင် Character တိုင်းအတွက်” ရုပ် ” ရော ” နာမ် ” ရော အဆင်သင့်ဖြစ်ဖို့ကြိုးစားနေတယ် ။2019 “ Memories Of Tomorrow “ အတွက်ကျွန်တော်အဆင်သင့်ဖြစ်ခါနီးပြီ ” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးလိုက်တာဖြစ်ပါတယ်။

အပြောင်းလဲကြီးပြောင်းလဲသွားတဲ့ ကျော်ကျော်ဗိုလ်ရဲ့ ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ပရိသတ်တွေအတွက် အမြဲကြိုးစားနေတဲ့ ကျော်ကျော်ဗိုလ်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

READ
ကြွေလွင့်သွားတဲ့ Sridevi အတွက် ၀မ်းနည်းစကားဆိုခဲ့ကြတဲ့ ဘောလိဝုဒ်ဆယ်လီများ

Source: Kyaw Kyaw Bo

SHARE