မြန်မာပြည်ရဲ့ Johnny Deppလို့ တင်စားခံလိုက်ရတဲ့ မင်းသား ကျော်ကျော်ဗို

မြန်မာရုပ်ရှင်နဲ့ အငြိမ့်ပရိသတ်တွေရဲ့ အသဲစွဲမင်းသားတစ်ဦးဖြစ်တဲ့ ကျော်ကျော်ဗိုကတော့ မြန်မာပြည်ရဲ့ Johnny Depp လို့တင်စားခံလိုက်ရတဲ့အတွက် အရမ်းကို ပျော်နေပါတယ်။

ဒီစကားကိုတော့ မြန်မာပြည်ကို လာရောက်ပြီး ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ အိန္ဒိယရဲ့ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ Riya Ray ကနေပြောခဲ့တာာဖြစ်ပါတယ်။ သူမဟာ ဒါရိုက်တာပြည့်စုံဖြိုးရိုက်ကူးထားတဲ့ “The Dark Cinema”ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီဇာတ်ကားမှာတော့ နေတိုး၊မင်းသွေး၊နန်းစုဦးနဲ့ ကျော်ကျော်ဗိုတို့လည်း ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

မင်းသမီး Riya Ray ကတော့ မြန်မာကနေမပြန်ခင်မှာ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့အတူ ဓါတ်ပုံတွေရိုက်ပြီး သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ထားခဲ့ပါသေးတယ်။ တင်ထားတဲ့ ဓါတ်ပုံတွေထဲမှာတော့ ကျော်ျကျော်ဗိုလ်နဲ့ အတူရိုက်ထားတဲ့ ဓါတ်ပုံမှာ “With my costar , the Johnny Depp of Myanmar”လို့ရေးထားပြီး ကျော်ကျော်ဗိုလ်ကို ဂျက်စပဲရိုးမင်းသားကြီး Johnny Depp နဲ့ တူတယ်လို့တင်စားထားတာဖြစ်ပါတယ်။ ပရိသတ်တွေရောဘယ်လိုထင်ကြလဲ။ ကျော်ကျော်ဗိုလ် က မြန်မာပြည်ရဲ့ Johnny Depp ဆိုတာ သဘောတူကြရဲ့လား။

READ
ပင်တိုင်အကမယ်လေး Maddie Ziegler မပါရင် အလုပ်မလုပ်ချင်ဘူးဆိုတဲ့ Sia

Source: Kyaw Kyaw Bo

SHARE