မြှားသေနတ်အစစ်ကိုအသုံးပြုပြီး ရိုက်ကူးထားတဲ့ ရိုက်ကွင်းပုံရိပ်တွေမျှဝေလိုက်တဲ့ ကျော်သူ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ မင်းသားကြီးကျော်သူကတော့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်အဖြစ်လည်း အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ သူကတော့ လတ်တလောမှာ “ဒဏ္ဍာရီပင်လယ်” ဆိုတဲ့ ရေသူမ ဇာတ်ကားကို အလင်းရောင်၊အိချောပိုတို့နဲ့အတူ ရိုက်ကူးနေတာဖြစ်ပါတယ်။

ဒီကနေ့ဆိုရင်တော့ “ဒဏ္ဍာရီပင်လယ်” ကိုရိုက်ကူးနေတာ စတုတ္ထမြောက်နေ့တောင် ရောက်ရှိနေပြီဖြစ်ပါတယ်။ ကျော်သူကတော့ “ဒဏ္ဍာရီပင်လယ်” ရုပ်ရှင်ကားကို အကောင်းဆုံး၊အပီပြင်ဆုံး ဇာတ်ဝင်ခန်းတွေ ရရှိဖို့အတွက် ရေထဲသဘောင်္နစ်ခန်း ၊ကုန်းမြေပေါ် ဖိုက်တင်ချကွက် ၊လေထဲမှ ဒရုန်း(ရဟတ်ယဉ်ပျံ) ရိုက်ချက်တွေနဲ့ မီးလောင်နေတဲ့ ကွင်းပြင်ထဲ ပြေးလွှားခန်းတွေကို “မြုားသေနတ်အစစ်”တွေနဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။

အန္တရယ်များလွန်းတဲ့ ရိုက်ကွင်းထဲမှာ ကြိုးကြိုးစားသရုပ်ဆောင်နေကြတဲ့ သရုပ်ေ်ဆာင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေရဲ့ ပုံရိပ်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။

Source: Kyaw Thu

SHARE