လီဆူးတိုင်းရင်းသားဝတ်စုံလေးနဲ့ လိုက်ဖက်ညီပြီး ကြည်နူးစရာကောင်းနေတဲ့ ခီမောင်နှံ

မြန်မာရုပ်ရှင်လောကကို ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို တခဲနက်ရရှိခဲ့တဲ့ အနုပညာရှင်ဇနီးမောင်နှံနှစ်ယောက်ဖြစ်တဲ့ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ကတော့ စိတ်တူကိုယ်တူ၊ ဝါသနာတူတဲ့ လက်တွဲဖော်တွေဖြစ်ကြလို့ ပရိသတ်တွေရဲ့ အားကျရတဲ့ အိုင်ဒေါစုံတွဲဆိုလည်း မမှားပါဘူး။ သူတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ဒီကနေ့မှာတော့ ဓါတ်ပုံတွေနဲ့ ပရိသတ်တွေ အားကျအောင်လုပ်လိုက်ပြန်ပါပြီ။

ခီမောင်နှံကတော့ လီဆူးတိုင်းရင်းသားဝတ်စုံလေးတွေ ဝတ်ထားပြီး အရမ်းကို ချစ်စရာကောင်းလွန်းနေပါတယ်။ ဓါတ်ပုံလေးတွေကိုတော့ ခရစ်စတီးနားခီက “မူလာရှီးဒီ ကြိုးတံတား နှင့်အမှတ်တရ” လို့ရေးထားပြီး ဓါတ်ပုံတွေ တင်ထားတာဖြစ်ပါတယ်။ လိုက်ဖက်လွန်းတဲ့ စုံတွဲလေးဖြစ်တဲ့ ခီမောင်နှံရဲ့ ကြည်နူးစရာဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ခီမောင်နှံကတော့ လတ်တလောမှာ သူတိုရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်ဖြစ်တဲ့ “Now & Ever (ထာဝရနှောင်ကြိုး) ” အတွက် ပြင်ဆင်မှုတွေကို ရိုက်ကူးရေးအဖွဲ့သားတွေနဲ့အတူ ပြုလုပ်နေတာဖြစ်ပါတယ်။ ခီမောင်နှံရဲ့ အနုပညာလှုပ်ရှားမှုတွေလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

READ
DOTSတွင် ဆောင်းဟေကို ဝတ်ခဲ့ပြီးနောက် နာမည်ကြီးလာတဲ့ ဖက်ရှင်များ

Source: Christina kyi

SHARE