ပရိသတ်တွေတိုင်း အားကျနေရတဲ့ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ရဲ့ စုံတွဲပုံရိပ်များ

ရုပ်ရှင်ဇာတ်ကား အမိုက်စားတွေကို အတူတူဖန်တီးနေတဲ့ အနုပညာရှင် ဇနီးမောင်နှံနှစ်ယောက်ဖြစ်တဲ့ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ ဇနီးမောင်နှံကတော့ စိတ်တူကိုယ်တူ ဇနီးမောင်နှံနှစ်ယောက်ဖြစ်လို့ ပရိသတ်တွေတိုင်း အားကျရတဲ့ အနုပညာရှင်နှစ်ယောက်ဖြစ်ပါတယ်။ သူတို့ကတော့ လတ်တလောမှာလည်း နှစ်ယောက်အတူတွဲပြီး ပွဲတွေကို တက်ရောက်နေတာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း “Milky”  ကနေ ပြုလုပ်ကျင်းပတဲ့ ပွဲကို တက်ရောက်ခဲ့ပါသေးတယ်။ ဒီပွဲကိုတော့ ခီမောင်နှံက အပြာရောင်ဖက်ရှင်နဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဓါတ်ပုံတွေကိုတော့ ခရစ်စတီးနားခီက သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။

ခီမောင်နှံကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဓါတ်ပုံတွေကို သဘောကျရဲ့လား ပရိသတ်ကြီးရေ။

Source: Christina kyii

SHARE