၃(က)ရုပ်ရှင်ဇာတ်ကားကို ၀န်းရံပေးလိုက်တဲ့ ခီမောင်နှံ

Image:Fb/၃-က-ရုပ်ရှင်ဇာတ်ကား & Christina Kyi

လက်တလောမှာတော့ ရုံတင်ပြသနေ တဲ့ ၃(က) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို တော့ ဒါရိုက်တာ ခရစ်စတီးနားခီနဲ့ ဇဏ်ခီ တို့က ၀န်းရံ ပေးလိုက်ပါတယ်။တကယ့်ဇာတ်ကားကောင်းလေး ဖြစ်ပြီး ကြည့်ရှုတဲ့ သူတွေ ဆီက Review ကောင်းကောင်း ရထားပေမယ့်လည်း သွားရောက် ကြည့်ရှု တဲ့ ပရိသတ် ကတော့ တခြားဇာတ်ကားတွေနဲ့ ယှဉ်ရင် အရမ်းကို နည်းပါး နေတာကို တွေ့ ရပါတယ်။ပရိသတ်ရုံဝင် နည်းနေတဲ့ ၃(က) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုတော့ ခီမောင်နှံက သွားရောက်အားပေးပြီး  ဇာတ်ကားနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အမြင် လေး တွေကိုပါ Fb မှာ ဝေမျှ ခဲ့ပါတယ်။ဒါရိုက်တာ ခရစ်စတီးနားခီ ကတော့…

Image:Fb/၃-က-ရုပ်ရှင်ဇာတ်ကား

“အခုပဲ သွားအားပေးခဲ့ပါတယ်…ရင်ထဲထိတဲ့ဇာတ်လမ်းလေးမို့ကြိုက်နှစ်သက်ရပါတယ်. နောက်အပတ်ဆက်ပြဦးမှာပါ…အချိန်ပေးရကြိုးနပ်တဲ့ကားမို့ အားရင်ဆက်ဆက်သွားအားပေးဖို့တိုက်တွန်းပါတယ်နော်…
Congratulations Director Aung Chan Lu & Cast: Nann Su Oo, Cham Min Ye Htut, Soe Myat Thuzar, Htoo Char & team!!………” ဆိုပြီး ၀န်းရံ ပေးခဲ့ပါတယ်။

READ
အင်တာနက်ပေါ်မှာ လူပြောများနေတဲ့ ကိုရီယားအဆိုတော်ကောင်လေးရဲ့ ဓါတ်ပုံ
Image:Fb/Christina Kyi

ဇဏ္ခီ ကေတာ့ ..”အခုပဲကြည့်ခဲ့ပါတယ်..ဘယ်လိုနေလဲဆိုတော့…ကျနော်တို့ မုဒြာရဲ့ခေါ်သံကို Hollywood ကနိုင်ငံခြားသားတစ်ယောက် မြန်မာပြည်ရောက်နေတုန်း private screening လုပ်ပေးတော့ ပြောခဲ့တဲ့စကားလေးကိုသွားပြီးသတိရမိတယ်။ ဘာပြောလဲဆိုတော့ “It has a heart” တဲ့။ သူဘာကိုဆိုလိုတာလဲဆိုတာကိုကောင်းကောင်းသဘောပေါက်တယ်။ Hollywood ကလူတစ်ယောက်အနေနဲ့ ရုပ်ရှင်တစ်ကားရဲ့ production level ကိုကြည့်လိုက်တာနဲ့သိတယ်။ ကျနော်တောင်သိတယ်။ ကျနော်တို့လိုနိုင်ငံက ကားတွေအနေနဲ့ လိုအပ်ချက်တွေအများကြီးရှိနေမှာပဲ။
ဒါပေမယ့် လိုအပ်ချက်တွေကြားထဲကနေ ရင်ဘက်ထဲကိုရောက်အောင်ပို့နိုင်ခဲ့လို့ “It has a heart” လို့ပြောခဲ့တယ်လို့ကျနော်ယုံကြည်တယ်။

၃(က) touched my heart. ❤️
အတင်းကြီးလုပ်မယူပဲခံစားရတဲ့အခန်းတွေပါတယ်။
Congratulations to director Aung Chan Lu and the cast Cham Min Ye Htut, Nan Su Oo, Soe Myat Thuzar and everyone!!!…” သူ့ရဲ့ ရင်ဘတ်ကို ထိ အောင် လုပ်နိုင်ခဲ့တဲ့ ဇာတ်ကားကောင်းလေး ဆိုပြီး ညွှန်းထားပါတယ်။

READ
ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းများ
Image:Fb/၃-က-ရုပ်ရှင်ဇာတ်ကား

၃(က) ဆိုတဲ့ ဇာတ်ကားလေးကိုတော့ ဒါရိုက်တာ အောင်ချမ်းလူ ရိုက်ကူးပုံဖော်ထားပါတယ်။ချမ်းမင်းရဲထွဋ်၊ နန်းဆုဦးနဲ့ စိုးမြတ်သူဇာတို့ အပြင် သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။မိခင် မေတ္တာနဲ့ မျက်မှောက် ခေတ် မှာ ဖြစ် ပျက်နေတဲ့ တကယ့်လူနေမှု ဘ၀ တွေကို ရိုက်ပြထားတဲ့ စိတ်ကူးယဉ် မဟုတ်တဲ့ လ က်တွေ့ ဆန်တဲ့ ဇာတ်ကား ကောင်းလေးပါ။

လောကဓံရေလှိုင်းများ ရိုက်ပုတ်ဒဏ်ကြားက ခေါင်ဆိုင်

၂၀၂၀ ဇန်နဝါရီလ ၂ ရက်နေ့မှာ ရုံတင်ပြသမယ့် ၃ ( က ) [ O F F I C I A L T R A I L E R ] 🔺လောကဓံရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ …ဘဝရဲ့ ဒုက္ခလှိုင်းလုံးတွေကိုကြုံတွေ့ရတိုင်း အရှုံးမပေးခဲ့တဲ့ ခေါင်ဆိုင် …လူတိုင်းက နှာခေါင်းရှုံ့တဲ့ အလုပ်…ကိုယ်တိုင်လည်း မနှစ်မျို့တဲ့အလုပ်ကိုသမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် လုပ်နေခဲ့ရပြီးဘဝကိုဖြတ်သန်းနေရင်းဘာတွေဆက်ဖြစ်သွားမလဲ #3A #၃က #OfficialTrailer#InCinemas2020 #Jan2

Posted by ၃-က-ရုပ်ရှင်ဇာတ်ကား on Friday, December 20, 2019

Source:Fb/Christina Kyi & ၃-က-ရုပ်ရှင်ဇာတ်ကား

SHARE