Air Pod အတုတွေကို ကြော်ငြာပေးတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ Kylie တို့ ညီအစ်မ

Instagram- @kyliejenner

Kylie Jenner တို့ ညီအစ်မတွေဆိုတာ လူမှုကွန်ယက်တွေပေါ်မှာ follower သန်းနဲ့ချီပြီးရှိနေကြတဲ့ celebrity တွေပဲဖြစ်ပါတယ်။ လူမှုကွန်ယက်ရဲ့ ထုံးစံအတိုင်း နာမည်ကြီးတဲ့ celebrities တွေဆိုရင် brand တွေကနေပြီး ကြော်ငြာတွေလည်း ကြေငြာခိုင်းတဲ့ စီးပွားရေးဈေးကွက်လည်းရှိနေခဲ့ပါတယ်။

အခု Kylie ရော Kendell ရော အဲဒီလိုမျိုး ပစ္စည်းတစ်ခုကြေငြာပေးမှုနဲ့ လူတွေရဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ အထူးသဖြင့် Kylie ပေါ့။ Kylie တို့ကြေငြာပေးတဲ့ ပစ္စည်းကတော့ နားကြပ်ပါ။

 

 

View this post on Instagram

 

can’t wait for the #kendallxkylie collection to launch this friday on KylieCosmetics.com ✨

A post shared by Kylie (@kyliejenner) on

အားလုံးပဲ Apple က ထုတ်တဲ့ air pod လေးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ ကြိုးမပါတဲ့ နားကြပ်တွေဖြစ်ပြီး Apple ရဲ့ အထူး product တစ်ခုပါ။ အရင်ကတည်းက နာမည်ကြီးလူကြိုက်များတဲ့ ပစ္စည်းတွေဆိုရင် ပုံစံတူ၊ ဒီဇိုင်းတူတွေကိုထုတ်ပြီး ဈေးပေါပေါပဲပဲနဲ့ရောင်းလေ့ရှိကြပါတယ်။ အခုလည်း Kylie တို့ကြေငြာပေးနေတဲ့ နားကြပ်ဟာ Apple ရဲ့ air pod ကကို တုပပြီး ထုတ်ထားတဲ့ နားကြပ်တွေပါပဲ။

READ
Animation ဗားရှင်းနဲ့ တွေ့ရအုံးမယ့် Running Man

 

ဒီလို တုပပြီးထုတ်ထားတဲ့ပစ္စည်းတွေကို ကြေငြာပေးနေလို့ဆိုပြီး Kylie ကို လူတွေက ဝေဖန်နေခဲ့တာပါ။ အထူးသဖြင့်တော့ Kylie အနေနဲ့ ပြီးခဲ့တဲ့လတုန်းက billionaire မဟုတ်ဘူးဆိုပြီး အတိအလင်းထုတ်ပြန်ခံထားရတဲ့အတွက်ကြောင့် ပိုက်ဆံမရှိတော့လို့ အခုဆိုရင် air pod အတုတွေတောင် ကြေငြာပြီးရောင်းနေရပြီဆိုပြီးပြောနေတာပဲဖြစ်ပါတယ်။

 

 

View this post on Instagram

 

we’re live with the KENDALL X KYLIE collection!!!!!!!!!!!!!!! KylieCosmetics.com

A post shared by Kylie (@kyliejenner) on

penny

SHARE